Main menu

ဌက်ပျောသီးများဈေးကွက်အတွင်း တင်ပို့ဖြန့်ဖြူးရောင်းချလျက်ရှိ

Powered by Drupal

     ဌက်ပျောသီးသည် မြန်မာနိုင်ငံတွင် လူကြိုက်များသည့်သစ်သီးဝလံတစ်မျိုးဖြစ်ပါသည်။ ကယား ပြည်နယ်အတွင်း ဌက်ပျောသီးကို လောပိတမြို့နယ်ရှိကျေးရွာများတွင် အဓိကထားစိုက်ပျိုးလျက်ရှိပြီး ထွက်ရှိလာ သည့်ဌက်ပျောသီးများသည်ပြည်နယ်အတွင်း ဖူလုံရုံသာမက အခြားပြည်နယ်သို့လည်း တင်ပို့ရောင်းချလျက်ရှိပါသည်။ဩဂုတ်လအတွင်း ဌက်ပျောသီး (၅၄၀၅၀)ဖီးကို အခြားမြို့များသို့ တင်ပို့ ရောင်းချခဲ့ကြောင်း ပူးပေါင်းရေးဂိတ်စာရင်းအရသိရှိရပါသည်။

          ဌက်ပျောသီးတွင် ပိုတက်ဆီယမ်၊ ဗီတာမင် C အမျှင်ဓာတ်နှင့် ကာဗိုဟိုက်ဒရိတ်များ ပါဝင်သဖြင့် ကိုယ်ခန္ဓာအတွက် စွမ်းအင်ပေးနိုင်ပြီးအစာချေစနစ်ကို အထောက်အကူပြုပါသည်။ထို့အပြင်ပိုတက်စီ ယမ်ပါဝင်မှုကြောင့် ကြွက်သားနှင့် အာရုံကြောများ ပုံမှန်လုပ်ဆောင်နိုင်ရေးအတွက် အထောက်အကူ ဖြစ်စေသည်။ဌက်ပျောသီးများကို အသီးမှည့်ပါကအခွံခွာ၍ တိုက်ရိုက်စားသုံး ကြသည့်အပြင် ဌက်ပျော ကြော်၊ ဌက်ပျောပေါင်း၊ ဖျော်ရည်နှင့် ဌက်ပျောသီးပါဝင်သော မုန့်အမျိုးမျိူးပြုလုပ်စားသုံးကြသည်။ အသီးမမှည့်သေးသည့် အချိန်တွင်လည်း အချို့ဒေသများတွင်  ကြော်ခြင်းနှင့် အခြားစားသောက်ကုန် များပြုလုပ်ရာတွင်အသုံးပြုကြသည်။

          လောပိတကျေးရွာတွင် အဓိကစိုက်ပျိုးထုတ်လုပ်သည့် ဌက်ပျောသီးများသည် ဒေသခံတောင်သူ များအတွက် ဝင်ငွေရရှိစေသည့် စိုက်ပျိုးရေးထွက်ကုန် တစ်မျိူးဖြစ်သကဲ့သို့ အခြားမြို့နယ်များရှိ စားသုံးသူများထံသို့ဖြန့်ဖြူးပေးနိုင်သဖြင့် ဒေသတွင်းသစ်သီးဝလံ ဈေးကွက်တွင် အရေးပါသည့်သီးနှံ တစ်မျိုးဖြစ်ပြီး လွိုင်ကော်မြို့သီရိမင်္ဂလာဈေးကွက်တွင် ရခိုင်ဌက်ပျောသီး၊ ရွှေဝါဌက်ပျောသီး၊ ရွှေနီဌက်ပျောသီးနှင့် ဖီးကြမ်းဌက်ပျောသီးများရောင်းချလျက်ရှိရာ ရခိုင်ဌက်ပျောသီး()ဖီးလျှင် (၂၀၀၀)ကျပ်၊ ရွှေဝါဌက်ပျော သီး()ဖီးလျှင်(၃၀၀၀)ကျပ်၊ ရွှေနီဌက်ပျောသီး()ဖီးလျှင် (၄၅၀၀၊၅၀၀၀) ကျပ်၊ ဖီးကြမ်းဌက်ပျောသီး() ဖီးလျှင်(၂၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း ဈေးသည်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(ကယား)