ပြည်တွင်းကုန်သွယ်မှုသတင်းများ
တောင်ငူမြို့ ညောင်ပင်လေးဈေးရှိ ဟင်းသီးဟင်းရွက်ဈေးတွင် ယခင်အပတ်က ငရုတ်သီးစိမ်း (မိုးထောင်သီး) တစ်ပိဿာလျှင်၄၀၀၀ ကျပ်မှ ၄၅၀၀ ကျပ်အထိရှိရာမှ ယခုမေလ (စတုတ္ထအပတ်)တွင် တစ်ပိသာလျှင် ၉၀၀၀ ကျပ်၊ ကုလားအော်သီးမှာ ယခင်အပတ်က တစ်ပိဿာလျှင် ၇၈၀၀ ကျပ်မှ ၈၀၀၀ ကျပ်အထိ ရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၂၀၀၀၀ ကျပ်ဖြင့် ဈေးနှုန်းမြင့်တက်ပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/၀၁၀.jpg?itok=b3qB_oqH)
တောင်ငူမြို့တွင် အခြေခံစားသောက်ကုန်များဖြစ်သော မြေပဲဆီမှာ တစ်ပိဿာလျှင် ၁၅၀၀၀ ကျပ်ဖြင့် ယခင်အပတ်ကအတိုင်း ဈေးနှုန်းတည်ငြိမ်နေပြီး၊ စားအုန်းဆီမှာ ယခင်အပတ်က တစ်ပိဿာလျှင် ၆၂၅၀ ကျပ်မှ ၂၀၂၃ခုနှစ်၊ မေလ(စတုတ္ထအပတ်) တွင် တစ်ပိဿာလျှင် ၆၃၅၀ ကျပ်ဖြင့် ဈေးနှုန်း အနည်းငယ် မြင့်တက်ပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/၉_2.jpg?itok=WU1o927H)
တောင်ငူမြို့တွင် ဆန်တစ်အိတ်လျှင် ၂၀၂၃ခုနှစ်၊ ဧပြီလကုန်ပိုင်းက ရွှေဘိုပေါ်ဆန်း ၁၀၀၀၀၀ ကျပ်၊ ဖျာပုံပေါ်ဆန်း ၉၀၀၀၀ ကျပ်၊ ဒေသပေါ်ဆန်း ၈၈၀၀၀ ကျပ်၊ ဧည့်မထ(မိုး) ၆၅၀၀၀ ကျပ်၊ ဧည့်မထ(နွေ) ၅၅၀၀၀ ကျပ်ရှိရာမှ ယခုမေလကုန်ပိုင်းတွင် ရွှေဘိုပေါ်ဆန်း ၁၀၅၀၀၀ ကျပ်၊ ဖျာပုံပေါ်ဆန်း ၉၇၀၀၀ ကျပ်၊ ဒေသပေါ်ဆန်း ၉၃၀၀၀ ကျပ်၊ ဧည့်မထ(မိုး) ၆၈၀၀၀ ကျပ်၊ ဧည့်မ
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/၈_2.jpg?itok=rp37qq97)
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်အတွင်း ရာသီအလိုက်သီးနှံများ စိုက်ပျိုးကြသော်လည်း ပြောင်းသီးနှံကို ပိုမိုစိုက်ပျိုးကြပါသည်။ ပြောင်းသီးနှံကို ရေရရှိမှုနှင့် ဈေးကွက်လိုအပ်ချက်အရ တစ်နှစ်ပတ်လုံးလိုလို တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/၄_8.jpg?itok=lLDk8Ckh)
ပဲခူးတိုင်းဒေသကြီး ၊ သာယာဝတီခရိုင် ၊ မင်းလှမြို့နယ်ရှိ စပါး/ဆန်ဈေးကွက်အခြေအနေမှာ ၂၀၂၃ခုနှစ်၊ ဧပြီလ နောက်ဆုံးပတ်တွင် ဈေးအနည်းငယ်ငြိမ်နေပြီး မေလဆန်းမှစ၍ စပါး/ဆန်/ပဲဈေးနှုန်းများ မြင့်တက်လျက်ရှိပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/11_6.jpg?itok=lbgTZa5G)