Main menu

ကန့်ဘလူမြို့နယ်၌ ဒေသထွက် ခရမ်းပြာသရက်သီးများရောင်းချ

Powered by Drupal

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်သည် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ရာ ဥယျာဉ်ခြံသီးနှံများကိုလည်း စိုက်ပျိုးကြသည်။ ယခုအခါ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်ရှိ ဧကတစ်ထောင်စိုက်ပျိုးရေးခြံတွင် စိန်တစ်လုံးသရက်၊ နဂါးမောက်သီး အပြင် ဆင်စွယ်နီသရက်နှင့် ခရမ်းပြာသရက်တို့ကိုလည်း စိုက်ပျိုးထားကြောင်း သိရသည်။

      ဆင်စွယ်နီသရက်နှင့် ခရမ်းပြာသရက်များကို စမ်းသပ်စိုက်ပျိုးလျက်ရှိရာ အပင်များကို အောင်မြင်ဖြစ်ထွန်းအောင် စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ ဆက်လက်ပြီး တိုးချဲ့စိုက်ပျိုးနိုင်ရန် ဆောင်ရွက် လျှက်ရှိကြောင်း၊ ဇွန်လမှစတင်ကာ အသီးများစတင်ခူးဆွတ်ရကြောင်း၊ ဈေးကွက်အတွင်း ခရမ်းပြာ သရက်သီးတစ်လုံးလျှင် (၃၀၀၀မှ ၄၀၀၀)ကျပ်၊ (၃)လုံးလျှင် ၁၀၀၀၀ကျပ်၊ ပတ္တမြားငမောက်သရက် သီးတစ်လုံးလျှင် (၃၀၀မှ ၅၀၀)ကျပ်နှင့် (၃)လုံးလျှင် ၁၀၀၀ကျပ်ဖြင့်ရောင်းချရကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)