ပြည်တွင်းကုန်သွယ်မှုသတင်းများ
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့တွင် ဧပြီလပထမပတ်က 92 RON တစ်လီတာလျှင် ၂၃၀၀ ကျပ်၊ 95 RON တစ်လီတာလျှင် ၂၃၅၀ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၂၁၀၀ ကျပ်နှင့် ပရီမီယံ ဒီဇယ် တစ်လီတာလျှင် ၂၁၅၅ ကျပ် ရှိခဲ့ပါသည်။
တောင်ငူခရိုင်၊ ဖြူးမြို့တွင် ဧပြီလဆန်းပိုင်းက ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် ၈၅၀၀၀ ကျပ်ရှိရာမှ ယခုလကုန်ပိုင်းတွင် ၉၅၀၀၀ ကျပ်၊ ဧည့်မထဈေးနှုန်းမှာ ဧပြီလဆန်းပိုင်းက တစ်အိတ်လျှင် ၅၇၀၀၀ ကျပ် ယခုလကုန်ပိုင်းတွင် တစ်အိတ်လျှင် ၆၀၀၀၀ ကျပ်ဖြင့် ဈေးနှုန်း မြင့်တက်လာပါသည်။
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်အတွင်း တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ပြီး ဈေးကွက်ရှိသော တောက်တာဥများ ရောင်းဝယ်လျက်ရှိရာ ဒေသခံကုန်သည်များမှ သာယာဝတီမြို့နယ်၊ ဝဲကြီးဆည်ဘောင်တဝိုက် ကျေးရွာများတွင် အဝယ်ဒိုင်ဖွင့်လှစ်ကာ တောက်တာဥ အများဆုံး ဝယ်ယူလျက် ရှိပါသည်။ ဖေဖော်ဝါရီလမှ ဧပြီလ ပထမပါတ်အထိ လှိုင်လှိုင်ရရှိပြီ
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် စပါး(အဟောင်း)မှာ ဈေးအနည်းငယ် မြင့်တက်ပြီး အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။ ဧပြီလ ဒုတိယပတ်တွင် စပါးတင်း(၁၀၀)လျှင် (၁၆၀၀၀၀၀) ကျပ် ဝန်းကျင် အရောင်းအဝယ်ဖြစ်ပြီး ဧပြီလ တတိယပတ်တွင် (၁၆၃၀၀၀၀)ကျပ် ဈေးမြင့်တက်လာကြောင်း သိရှိရသည်။ ဈေးအနည်းငယ်မြင့်တက်ခြင်းမှာ ဆန်ရောင်းလိုအားကောင်
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် သင်္ကြန်မတိုင်မီနှင့် သင်္ကြန်ကာလများအတွင်း ဘူးသီးအရွယ်အစားပေါ်မူတည်၍ တစ်လုံးလျှင် ၁၀၀၀-၁၅၀၀-၂၀၀၀ကျပ် ဈေးပေါက်ခဲ့ပြီး သင်္ကြန်လွန်ကာလများတွင် ၅၀၀-၁၀၀၀-၁၃၀၀ကျပ်ထိ ပြန်လည်ကျဆင်းခဲ့ပါသည်။