
အညာဒေသ ထုံးဘိုထွက် မျှစ်ချိုများကို ရန်ကုန်သိရီမင်္ဂလာဈေးမှာ မှာယူ၍ မအူပင် ဈေးကွက်အတွင်း ရောင်းချလျက်ရှိကြောင်း သိရသည်။ မျှစ်ချိုကို ကြော်စား၍သော်လည်းကောင်း၊ ချဉ်ရည်ဟင်းအဖြစ်လည်ကောင်း၊ အတို့မြှပ်အဖြစ်လည်းကောင်း စားသုံးကြသည်။
ရန်ကုန်မှ မျှစ်များကို ပိဿာ ၁၀၀ မှာယူပါက ငွေကျပ် ၅၀၀၀၀ကျပ်ဖြင့် မှာယူရောင်းချရသည်။ မအူပင် ဈေးကွက်အတွင်းတွင် မျှစ် ၁ပိဿာလျှင် ၈၀၀ကျပ်ဖြင့် ပြန်လည်ရောင်းချရသည်။ အကျိုးအမြတ်အနေဖြင့် ၂၀၀၀၀ ကျပ် အကျိုးအမြတ် ရရှိသည်။ ၁လ လျှင် မျှစ် ပိဿာ ၅၀၀ နီးပါးရောင်းချရကြောင်း ကုန်စိမ်းရောင်းချသူထံမှ သိရသည်။
မျှစ်တွင် အမျှင်ဓါတ်ခေါ် ဆယ်လူးလို့စ်ဓါတ်လည်း များပြားစွာပါသည့်အတွက် အူမကြီးအား လှုပ်ရှားစေရန် နှိုးဆွပေးသောကြောင့် ဝမ်းချုပ်ခြင်းအား မဖြစ်စေဘဲ ဝမ်းကိုမှန်စေကာ အူမကြီးကင်ဆာဖြစ်ပွားနိုင်ခြေကို လျှော့ချ ပေးပါသည်။ မျှစ်ကိုအမျိုးမျိုးလုပ်စားနိုင်ပါတယ်။ မျှစ်ချည်းပဲပေါင်းစားတာ၊ ပြုတ်ပြီး ငပိရည်နဲ့တို့စားတာ၊ ကြော်စားတာ၊ သုပ်စားတာအပြင် အသားတစ်မျိုးမျိုးနဲ့ကြော်စားတာ၊ မျှစ်ချဉ်နဲ့ဝက်သား သို့မဟုတ် ငါးခေါင်းနဲ့ ဟင်းချိုချက်သောက်တာ၊ မျှစ်ကိုအခြောက်လှမ်းပြီး သုပ်စားတာစသဖြင့် စုံလင်စွာ လုပ်စားနိုင်ပါသည်။
DOCA(ဧရာဝတီ)