ပြည်တွင်းကုန်သွယ်မှုသတင်းများ
မန်ကျည်းသီးမှည့်သည် မြန်မာဟင်းလျာများချက်ပြုတ်ရာတွင် အလွန်အသုံးဝင်ပြီး “တေဆေး”ဟုခေါ်သော ဝမ်းနုတ်ဆေးတွင် မန်ကျည်းမှည့်ကို ထန်းလျက်၊ ပွေးကိုင်းအပြင် အခြားဆေးများနှင့်ရော၍ ဖော်စပ်ရာတွင်လည်း အသုံးပြုကြပါသည်၊၊ ပူအိုက်သောရာသီတွင် မန်ကျည်းမှည့်နှင့်ထန်းလျက်ကို ရေစိမ်၍ မကျည်းဖျော်ရည်အဖြစ် ပြုလုပ်သောက်သုံးကြပြီး ဆေးပေါ့လိပ်လုပ်ငန်းတ
မုံရွာကုန်စည်ဒိုင်တွင် ပဲအမျိုးအစားအလိုက် ဈေးနှုန်းများမှာ ယခင်နှစ်၏ကာလတူဈေးထက် ယခုနှစ်၌ ပဲမျိုးစုံ၊ အစေ့ထုတ်ပြောင်းနှင့် နှမ်းမျိုးစုံဈေးနှုန်းများ ဈေးပိုကောင်းလျက်ရှိပါကြောင်း မုံရွာကုန်စည်ဒိုင်၏ဈေးနှုန်းသတင်းများအရ သိရပါသည်။
မတ်ပဲ
တမူးနယ်စပ်ကုန်သွယ်ရေးစခန်းအနေဖြင့် (၂၀၂၂-၂၀၂၃) ဘဏ္ဍာနှစ်အတွက် ကုန်သွယ်မှုလျာထားချက်အနေဖြင့် ပို့ကုန်ပမာဏမှာ အမေရိကန်ဒေါ်လာသန်းပေါင်း (၇၀.၀၀၀)သန်း၊ သွင်းကုန်ပမာဏမှာ အမေရိကန် ဒေါ်လာသန်းပေါင်း (၃.၀၀၀)သန်း၊ စုစုပေါင်းကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာသန်းပေါင်း (၇၃.၀၀၀)သန်းဖြစ်ပါသည်။ တမူးနယ်စပ်ကုန်သွယ်ရေးစခန်းမှ အိန္ဒိယနိုင်ငံသို
စစ်ကိုင်းတိုင်းဒေသကြီး၏ ဆန်ပိုဒေသများဖြစ်သော ကလေး၊ ကသာ၊ ကန့်ဘလူနှင့် ရွှေဘိုခရိုင်များအနေဖြင့် ရွှေဘိုခရိုင်နှင့် ကသာခရိုင်တို့တွင် စပါးဈေး အနည်းငယ်တက်နေပါကြောင်း၊ ကန့်ဘလူခရိုင်တွင် ဧရာမင်းဆန်ဈေးအနည်းငယ်တက်နေပါကြောင်းနှင့် ကျန်ခရိုင်များတွင် ဈေးအေးနေကြောင်း သိရ ပါသည်။
၂၀၂၃ခုနှစ်၊ မတ်လ (စတုတ္ထပတ်) အတွင်း ကန့်ဘလူမြို့နယ်၏ အခြေခံစားကုန်များဖြစ်သော ရွေဘိုပေါ်ဆန်း(အဟောင်း) တစ်ပြည်လျှင် (၃၈၀၀) ကျပ်၊ ဧရာမင်း(အဟောင်း)တစ်ပြည်လျှင် (၃၂၀၀) ကျပ်ဖြစ်၍ ယခင်အပတ်ထက် ဧရာမင်း(အဟောင်း)တစ်ပြည်လျှင် (၂၀၀) ကျပ်နှုန်းမြင့်တက်နေကြောင်း၊ ရွှေဘိုပေါ်ဆန်း(အသစ်)တစ်ပြည်လျှင် (၃၀၀၀) ကျပ်၊ ဧရာမင်း(အသစ်)တစ်ပြည်လျှင်