ပြည်တွင်းကုန်သွယ်မှုသတင်းများ
၂၀၂၃ခုနှစ်၊ မတ်လ(စတုတ္ထပတ်)အတွင်း မုံရွာမြို့နယ်၏အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်းဆန်တစ်ပြည်လျှင် (၃၆၀၀) ကျပ်၊ ဧရာမင်းဆန်အဟောင်းတစ်ပြည်လျှင် (၃၄၀၀) ကျပ်နှင့် ဧရာမင်းဆန်အသစ်တစ်ပြည်လျှင် (၃၂၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ စားအုန်းဆီတစ်ပိဿာလျှင် (၇၀၀၀) ကျပ်၊ မြေပဲဆီတစ်ပိဿာလျှင် (၁၂၅၀၀) ကျပ်၊ နှမ်းဆီတစ်ပိ
မုံရွာမြို့၊ သီရိမင်္ဂလာစျေးရှိ သစ်သီးဝလံများမှာ ရှမ်းပြည်နယ်၊ တောင်ကြီး၊ မြစ်ကြီးနား၊ သီပေါ၊ စစ်ကိုင်း၊ ပြင်ဦးလွင်နှင့် ဒေသတွင်းတို့မှ အသီးသီးဝင်ရောက်လျက်ရှိကြောင်း သိရပါသည်။
မုံရွာမြို့၊ ချင်းတွင်းရတနာစျေး၌ ရောင်းချနေသော ပုစွန်ခြောက်၊ ငါးခြောက်များမှာ ရန်ကုန်၊ မန္တလေး၊ ရခိုင်ပြည်နယ်ဘက်မှ ဝင်ရောက်ကြောင်း၊ ပုစွန်၊ ငါးခြောက်စျေးနှုန်းများမှာ ဝင်ရောက်သည့်ဒေသအပေါ်မူတည်၍လည်းကောင်း၊ အရည်အသွေးကိုလိုက်၍လည်းကောင်း ကွာခြားလျက်ရှိပါကြောင်း သိရှိရပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ ဈေးများတွင် ၂၀၂၃ခုနှစ်၊ မတ်လ (စတုတ္ထပတ်) အတွင်း ရွှေဘိုပေါ်ဆန်း(သစ်)တစ်အိတ်လျှင် ၈၀၀၀၀ကျပ်၊ ဧရာမင်း(ဆန်)(သစ်)တစ်အိတ်လျှင် ၆၅၀၀၀ ကျပ်၊ ဧည့်မထဆန်(သစ်)တစ်အိတ်လျှင် ၅၀၀၀၀ ကျပ်၊ ပဲဆီတစ်ပိဿာလျှင် (၁၂၄၅၀-၁၂၅၀၀)ကျပ်၊ နှမ်းဆီတစ်ပိဿာလျှင် ၁၁၀၀၀ ကျပ်၊ နေကြာဆီတစ်ပိဿာလျှင် ၁၂၀၀၀ကျပ်၊ စားအုန်းဆီ
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ်၌ ကြက်သွန်နီများအား နှစ်စဉ်အောက်တိုဘာလတွင် စတင်ပျိုးကြဲကြ၍ ပျိုးပင်များအား (၄၅)ရက်သားရလျှင် မြေပြုပြင်ထားသောနေရာတွင် အကန့်၊ ဘောင်များပြုလုပ်၍ ရေသွင်းစိုက်ပျိုးကြပါသည်။ ဖေဖော်ဝါရီလ (ပထမပတ်) မှစတင်၍ ဧပြီလ (ပထမပတ်) အထိသည် ကြက်သွန်နီဥတူးဖော်ချိန်ဖြစ်ပါသည်။