Main menu

ပုသိမ်မြို့ရုံးပတီးသီးဈေးနှုန်းဈေးကွက်

Powered by Drupal

ရုံးပတီသီး ဆိုတာက ပန်းပွင့်တဲ့အပင်မျိုးဖြစ်ပြီး ရုံးပတီသီးကိုကြော်စားတာ၊ ချဉ်ဟင်းချက်စားတာနဲ့ ပဲဟင်းတွေထဲထည့်တာ၊ပြုတ်ပြီး အတို့အမြှုပ်အဖြစ်စားသုံးတာ။ ကင်ပြီးဖြစ်ဖြစ် ဆီပူထိုးပြီးဖြစ်ဖြစ် အချဉ်ရည်နဲ့တို့စားတာမျိုးလုပ်စားလို့ရပါတယ်။ ရုံးပတီသီးမှာ ကျန်းမာရေးအတွက် အထောက်အကူ ဖြစ်စေနိုင်တဲ့ အာဟာရဓါတ်တွေများစွာပါဝင်နေပြီးရုံးပတီသီးမှာ ခန္ဓါကိုယ် အတွက်နေ့စဉ်လိုအပ်တဲ့ အမျှင်ဓါတ်တွေ ကြွယ်ဝစွာပါဝင်နေပြီး သဘာဝ ဝမ်းနုတ်ဆေးတစ်ခုလို့တောင် ဆိုရပါမယ်။ ဝမ်းချုပ်တာကို သက်သာစေနိုင်မှာဖြစ်ပါတယ်။ ရုံးပတီသီးမှာပါတဲ့ ပျစ်ချွဲချွဲ အစေးလေးတွေက အူမကြီးအတွင်း ချေဖျက်ပြီးအစာတွေကို ပို့ဆောင်ရာမှာချောဆီအနေနဲ့ လုပ်ဆောင်ပေးပြီး ဝမ်းသွားရတာ ကိုလွယ်ကူစေမှာဖြစ်ပါတယ်။ ရုံးပတီသီးမှာပါတဲ့ အမျှင်ဓါတ်က အူအတွင်းမှာရှိတဲ့ အကျိုးပြု ဘက်တီးရီးယားတွေအတွက် အာဟာရဖြစ်စေပြီး အစာချေ လမ်းကြောင်းရဲ့ရေဓါတ်ကို ထိန်းညှိပေးပါ ကြောင်းသိရပါသည်။
ထို့ပြင် ရုံးပတီးသီး အတောင့်ကြီး (၆)တောင့်(၁)စီးလျင်(၆၀၀)မှအတောင့်သေး(၆)တောင့် (၁)စီးလျင် (၄၀၀)ကျပ်ရရှိကြောင်းသိရပါသည်။

DOCA (ဧရာဝတီ)