Main menu

လွိုင်ကော်မြို့ဖြစ်ပေါ်နေသော အသား၊ ငါးဈေးနှုန်းအခြေအနေ

Powered by Drupal

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ(၁၁)ရက်နေ့၊ နံနက်(၈:၃၀)နာရီအချိန်တွင် လွိုင်ကော်မြို့၊ သီရိမင်္လာ ဈေး၌ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ဗဟိုစာရင်းအင်း အဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ စားသောက်ကုန်ဈေးနှုန်းများ ကွင်းဆင်းကောက်ယူ ခဲ့ပါသည်။
ထိုသို့ကွင်းဆင်းကောက်ယူခဲ့ရာ လွိုင်ကော်မြို့တွင် ဖြစ်ပေါ်သော အသား၊ ငါးဈေးနှုန်းများမှာ ကြက်(CP) အသားတိုး(၁)ပိဿာလျှင်(၁၈၀၀၀/-)ကျပ်၊ ကြက်(CP) ဥနှုန်းကျ(၁)ပိဿာလျှင် (၂၄၀၀၀/-)၊ ကြက်(ဗမာ)(၁)ပိဿာလျှင် (၃၂၀၀၀/-)ကျပ်၊ ဝက်သား (၁)ပိဿာလျှင်(၃၅၀၀၀/-) ကျပ်၊ အမဲသား(၁)ပိဿာလျှင် (၃၅၀၀၀/-)ကျပ်၊ ငါးမြစ်ချင်း(၁)ပိဿာလျှင်(၂၄၀၀၀/-)ကျပ်၊ ငါးကြင်း(၁)ပိဿာလျှင် (၂၄၀၀၀/-)ကျပ်၊ ငါးခူ(၁)ပိဿာလျှင်(၂၀၀၀၀/-)ကျပ်၊ အာဗြဲခြောက်(၁) ပိဿာလျှင် (၂၅၀၀၀/-)ကျပ်၊ ငါးတံခွန်(၁)ပိဿာလျှင်(၁၈၀၀၀/-)ကျပ်၊ စသည်တို့ဖြင့် အသီးသီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကွင်းဆင်းစစ်ဆေးစာရင်းကောက်ယူခဲ့သော လွိုင်ကော်မြို့၊ သီရိမင်္လာဈေးအတွင်းရှိ အသားနှင့်ငါးရောင်းချလျက်ရှိသော ဈေးသည်များထံမှ သိရှိရပါသည်။
DOCA(ကယား)