Main menu

ဒေသထွက် အုန်းသီးဈေးနှုန်းဈေးကွက်အခြေအနေ

Powered by Drupal

ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် အုန်းသီးကို လွိုင်ကော်မြို့ ၊ လောပိတ၊ လောဓလေး ကျေးရွာ၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့၊ ရွာသစ်မြို့တို့တွင်စိုက်ပျိုးထွက်ရှိပါသည်။ ဒေသအ တွင်းထွက်ရှိသော အုန်းသီးများကို မြန်မာ့ရိုးရာ မုန့်လုပ်ငန်းများပြုလုပ်ရာတွင် အသုံးပြုရန် တွက်လည်းကောင်း၊ အုန်းသီးကို အုန်းဆီအဖြစ်‌ထုတ်လုပ် ရောင်းချကြပါသည်။ ယခုအခါ အုန်းသီးပေါ်ရာသီဖြစ်၍ လွိုင်ကော်မြို့ပေါ်ရှိရပ်ကွက်များတွင်ရှိသော အုန်းသီးများကို လိုက်လံ ချပေးသူများသည် အုန်းပင်တက်ခ တစ်ပင်လျှင်ကျပ် (၂၀၀၀၀)ယူကြောင်း၊ ကိုယ်တိုင်ချပြီး ချပြီးသားအုန်းသီးများကိုလည်း ပြန်လည်ဝယ်ယူလျက်ရှိပါသည်။ အရွယ်အစား အကြီးအသေး အပေါ်မူတည်ပြီး ကျပ် (၁၅၀၀)၊ ၂၀၀၀ ဖြင့် ပြန်လည်ဝယ်ယူပြီး သီရိမင်္လာဈေးတွင် ပြန်လည် ရောင်းချလျက်ရှိပါသည်။
ယခု ဇူလိုင်လဈေးကွက်အတွင်းဖြစ်ပေါ်နေသော အုန်းသီးများ၏ ဈေးနှုန်းမှာ အုန်းစိမ်း ရည်သောက် အုန်းသီးတစ်လုံးလျှင် (၂၅၀၀)၊ (၃၀၀၀)ကျပ်၊ ဘုရားပွဲ၊တရားပွဲအတွက် အသုံးပြု အုန်းသီး ဈေးနှုန်းမှာ (၄၀၀၀ )၊(၅၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း အုန်းသီးရောင်းချသူ တစ်ဦးထံမှ သိရှိရပါသည်။
DOCA(ကယား)