ပြည်တွင်းကုန်သွယ်မှုသတင်းများ
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်း ချင်းတွင်းမြစ်ရိုးအရှေ့ဘက်တွင်တည်ရှိသော ညောင်ဖြူပင်၊ သစ်ဆိမ့်၊ ထနောင်းတော၊ နဂါးတွင်းကျေးရွာများတွင် ဂေါ်ဖီထုပ်များကို အနည်းငယ်သာစိုက်ပျိုး၍ ဈေးကွက်အတွင်း လိုအပ်သောဂေါ်ဖီထုပ်များကို ရှမ်းပြည်နယ်မှ မှာယူရောင်းချကြပါသည်။ ဇန်နဝါရီလအတွင်း ဂေါ်ဖီထုပ်အကြီးတစ်ထုပ်လျှင် (၁၀၀၀) ကျပ်၊ အ
ကလေးမြို့နယ်အတွင်းရှိ ဆည်တောဦးကျေးရွာတွင် တောင်သူများအနေဖြင့် ဂျပန်ပဲယင်း စိုက်ပျိုးနေသည့်တောင်သူ ဒေါ်ပေါက်ထံသို့ ဆက်သွယ်မေးမြန်းခဲ့ရာ မိမိအနေဖြင့် ဂျပန်ပဲယင်းသည် ပြုစုရသက်သာပြီး အခြားပဲများထက် အမြတ်ငွေပိုမိုရရှိသဖြင့် မိမိပိုင်ဆိုင်သည့် လယ် ( ၃ ) ဧကတွင် ဂျပန်ပဲယင်း စိုက်ပျိုးထားရှိပါကြောင်း မေးမြန်းသိရှိရပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်တွင် ဖေဖော်ဝါရီလမှ စတင်၍ ဆည်မြောင်းဦးစီးဌာနမှ ဆည်ရေများပေးဝေလျက်ရှိရာ နွေစပါးစီမံကိန်းပါဝင်သောရွာများသည် နွေစပါးကို စိုက်ပျိုး၍ရသော်လည်း အလှမ်းဝေးသော ရွာများဖြစ်၍ ဆည်ရေကို အားကိုးကာ မတ်လမှ စတင်၍ နှမ်းများကို စိုက်ပျိုးကြပါသည်။
တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ပြုစု တင်ပြအပ်ပါသည်။
တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြအပ်ပါသည်။