Main menu

ပြည်တွင်းကုန်သွယ်မှုသတင်းများ

Powered by Drupal
07 Mar 2023

            ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်၊ ဖြူးမြို့တွင် ယခုရက်အတွင်း ပေါ်ဆန်းဆန်ဈေးနှုန်းမှာ တစ်အိတ်လျှင် ၈၅၀၀၀ ကျပ်၊ ဧည့်မထဆန်ဈေးနှုန်းမှာ တစ်အိတ်လျှင် ၅၄၀၀၀ ကျပ်ဖြင့် ယခင်အပတ်ကအတိုင်း ဈေးနှုန်းပြောင်းလဲမှုမရှိပဲ တည်ငြိမ်လျှက်ရှိပါသည်။

07 Mar 2023

  ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ဖရဲသီးများစိုက်ပျိုးထားရှိသဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် (၂၇.၂.၂၀၂၃)နေ့ နံနက်ပိုင်းတွင် လေးကြီးအုပ်စု၊ လေးကြီးကျေးရွာသို့သွားရောက်၍ ဖရဲသီးစိုက်ပျိုးထွက်ရှိမှုနှင့် တောင်သူအကျိုးအမြတ်တို့အား ကွင်းဆင်းလေ့လာခဲ့ပါသည်။

07 Mar 2023

    ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်အနေဖြင့် ဆောင်းပဲတီစိမ်းစိုက်ပျိုးဧကမှာ (၁၉၈၄၃)ဧက စိုက်ပျိုးထားပြီးဖြစ်ပါသည်။ ရွှေတောင်မြို့နယ်အနေဖြင့် ဆောင်းပဲတီစိမ်း (၈၃၂)ဧကစိုက်ပျိုးပြီး မီးလောင်အုပ်စုတွင် (၃၈)ဧကစိုက်ပျိုးထားရှိကြောင်း သိရှိရပါသည်။

07 Mar 2023

    ပန်းတောင်းဒေသထွက်စစ်စစ် စိမ်းစားသီး (သရက်) ဈေးကွက်အတွင်းသို့ စတင်ဝင်ရောက်လာပြီဖြစ်ပါသည်။ အသီးအရွယ်အစားမှာ လက်တစ်ဆစ်မျှသာရှိပြီး စားဖူးသူတိုင်း အရသာသိသော သရက်သီးဖြစ်၍ ပြည်တစ်ဖက်ကမ်း ပန်းတောင်းမြို့မှထွက်ရှိပါသည်။ အလုံးသေးသေးလေးတွေ ယခုအချိန်တွင်စတင်ပေါ်လာခြင်းဖြစ်၍ သရက်သီးအလုံး ကြီးသွားလျှင် အရသာအနည်းငယ် ချဉ်သွားသဖြင့် စား၍မ

07 Mar 2023

    သံပုရာပင်ကို မြန်မာနိုင်ငံအနှံ့အပြားတွင် စိုက်ပျိုးကြသလို ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်တွင်လည်း အများအပြားစိုက်ပျိုးကြပါသည်။ ပြည်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြသလို၊ စီးပွားဖြစ်လည်း စိုက်ပျိုးကြပါသည်။ သံပုရာသီးကို လူအများ အသုံးပြုကြသဖြင့် စိုက်ပျိုးမှုများပြားလာပါသည်။

Pages