Main menu

“မြစ်သားမြို့နယ်၌နနွင်းများစတင်စိုက်ပျိုး”

Powered by Drupal

  မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက်ဒေသတစ်ခုဖြစ်ပြီး သီးနှံမျိုးစုံကိုရာသီအလိုက်စိုက်ပျိုးလျှက်ရှိရာ စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သော နနွင်းကိုလည်း တောင်သူများ အများဆုံးစိုက်ပျိုးလာကြပါသည်။မြို့နယ်အတွင်း နနွင်းများကို မေလနှင့်ဇွန်လများ တွင်စတင်စိုက်ပျိုးလျှက်ရှိပြီး (၁)ဧက မျိုးအနေဖြင့် နနွင်းတက်(၁၅)တင်းစိုက်ပျိုးရပြီး နနွင်းဂေါင်း စိုက်ပျိုးမှုတွင်(၃၀-၃၅)တင်း စိုက်ပျိုးရကြောင်း၊နနွင်းတက်မျိုး(၁)တင်းလျှင် (၁၅၀၀၀/-)ကျပ်စျေးရှိ ပြီး(၁)ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊သွင်းအားစု၊လုပ်သားခအပါအဝင် စုစုပေါင်း(၂၅)သိန်းကျပ်ခန့် ကုန်ကျကြောင်း၊တောင်သူများမှာ နနွင်းခင်းများအတွင်း နှမ်းများလည်းသီးညှပ်စိုက်ပျိုးကြကြောင်း၊ အများဆုံးစိုက်ပျိုးသောရွာများမှာ သိုတန်၊ဒါးရဲကောင်း နှင့် စပယ်တောကျေးရွာများတွင် အများဆုံး စိုက်ပျိုးကြကြောင်း၊နနွင်းစိုက်ပျိုးမှုကို ဘောင်စိုက်စနစ်ဖြင့်စိုက်ပျိုးကြကြောင်း၊ယခင်နှစ်အထွက်နှုန်း အနေဖြင့် နနွင်းတက်အစို (၂၅) တင်းလျှင် (၅၃၀၀၀၀/-)ကျပ်ဖြင့်ရောင်းဝယ်ခဲ့ပြီး (၁)ဧက အထွက်နှုန်းအနေဖြင့် နနွင်းအစိုတင်း(၃၂၅)တင်းခန့်ထွက်ရှိခဲ့ကြောင်း၊ နနွင်းတစ်တင်းလျှင်(၂၀၀၀၀/-) ကျပ်ဖြင့် ရောင်းချခဲ့ရသောကြောင့် သိန်း(၄၀)ကျပ်ခန့်မြတ်ခဲ့ကြောင်း၊ ယခုအချိန်တွင် နနွင်းများထွက်ရှိခြင်း မရှိသေးကြောင်း ၊ နနွင်းများကို ဖေဖော်ဝါရီလတွင် စတင်ထွက်ရှိမည်ဖြစ်ကြောင်း ၊ ယခုလက်ရှိ နနွင်းတက်စျေးနှုန်းအနေဖြင့် နနွင်းတက်အခြောက်(၁)ပိဿာလျှင်(၁၂၅၀၀/-)ကျပ်၊ နနွင်းမှုန့်(၁)ဗူး လျှင်(၂၀၀၀/-)ကျပ်ဖြင့် ရောင်းဝယ်လျှက်ရှိကြောင်း၊ ထွက်ရှိချိန်တွင် ပွဲစားများမှ အခင်းထဲသို့ တိုက်ရိုက်လာရောက်ဝယ်ယူလျှက်ရှိပြီး ပွဲစားများမှ နနွင်းများကို ရေနွေးဖျော်ကာ အခြောက်လှမ်း၍ ပွဲရုံများသို့တင်ပို့ရောင်းချလျှက်ရှိကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)