ပြည်တွင်းကုန်သွယ်မှုသတင်းများ
ပြည်ခရိုင်၊ ပြည်မြို့ဈေးကွက် ဖေဖော်ဝါရီနောက်ဆုံးပတ်တွင် မြေပဲဆန်ဝယ်လိုအား များလာသဖြင့် လုံးဆန်ဈေးအနည်းငယ်မြင့်တက်လာခဲ့ပါသည်။ မကွေးတိုင်းဒေသကြီး၊ ကံမမြို့နှင့် ပြည်ခရိုင်၊ ရွှေတောင်မြို့ဘက်မှ ပြည်ဈေးကွက်သို့ ရက်ခြားအဝင်ရှိပြီး ဝင်ရောက်သည့် နေ့တွင် မြေပဲဆန်အိတ် (၁၀၀၀)ခန့် ဝင်ရောက်မှုရှိပါသည်။ ယခုနှစ်မြေပဲထွက်ချိန်တွင် ရာသီဥတု
ပြည်ဈေးကွက်တွင် နှမ်းဈေးများ ပြောင်းလဲခြင်းမရှိဘဲ ယခင်အပတ်ကအတိုင်း ဈေးနှုန်းတည်ငြိမ်နေပါသည်။ နှမ်းဝင်ရောက်မှုမရှိသလို ဝယ်လိုအားလည်းနည်းပါးလာသဖြင့် နှမ်းဈေးသာ ဈေးကွက်တွင်ဖြစ်ပြီး အရောင်းအဝယ်ပါးနေကြောင်း တွေ့ရှိရပါသည်။ ယခင်တွင် ဖြစ်ပေါ်ခဲ့သော နှမ်းဈေးများမှာ နှမ်းနီ(၃) တင်းတစ်အိတ်လျှင် (၁၅၀၀၀၀)ကျပ်၊ နှမ်းနက် (၃)တင်း တစ်အိတ်လျ
ပြည်ခရိုင်အတွင်း ဝါဈေးကွက်ရှိရာ ပေါက်ခေါင်းမြို့နယ်တွင် ဝါစတင်ထွက်ရှိချိန်က ဝါအရည်အသွေးကောင်းပါက တစ်ပိဿာလျှင် (၂၃၀၀)ကျပ်၊ ဝါအရည်အသွေးနိမ့်လျှင် (၂၁၀၀)ကျပ် ဖြင့် ဈေးဖွင့်ဝယ်ယူခဲ့သော်လည်း တောင်သူများအနေဖြင့် စိုက်စရိတ်များတွက်ခြေကိုက်ရေးအတွက် တောင်သူအနည်းငယ်သာ ဝါစက်များသို့ လာရောက်ရောင်းချကြောင်း သိရှိရပါသည်။ ဝါသီးနှံ အထွက်လှ
ပြည်ဈေးကွက်သို့ ယခုကာလတွင် မကွေးတိုင်း၊ မန္တလေးတိုင်းတို့မှ ကြက်သွန်နီများ အဝင်နည်းသွားပြီး တောင်တွင်းကြီးနယ်မှ ကြက်သွန်နီ ပိဿာ(၃၀)ဝင်အိတ် (၁၀၀)ခန့် အဝင်ရှိ၍ တစ်ပတ်လျှင် နှစ်ကြိမ်ခန့်သာ အဝင်ရှိနေပါသည်။ ယခင်တစ်ပတ်ကို အိတ် (၆၀၀/၇၀၀)ခန့် အဝင် ရှိနေရာမှယခုအပတ်တွင် အဝင်နည်းသွားသည့်အတွက်ဈေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ် (၁၅၀-၂၀၀
ကြက်သွန်ဖြူကို ကမ္ဘာတစ်ဝှမ်း ဟင်းခတ်အမွှေးအကြိုင်အဖြစ် အသုံးပြုလျှက်ရှိပါသည်။ မူရင်းဒေသမှာ အိန္ဒိယနိုင်ငံ အနောက်မြောက်ပိုင်း၊ တရုတ်နိုင်ငံတောင်ပိုင်း၊ အာဖဂန်နစ်စတန် နိုင်ငံတို့မှဖြစ်ကြောင်း သိရှိရပါသည်။ မြန်မာနိုင်ငံ ရှမ်းပြည်နယ်တွင် အများဆုံးစိုက်ပျိုးဖြစ် ထွန်းလျှက်ရှိပါသည်။ ကြက်သွန်ဖြူသည် မီးဖိုချောင်သုံးသီးနှံအဖြစ်သာမက