ပြည်တွင်းကုန်သွယ်မှုသတင်းများ
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်သည် ဆန်စပါး၊ နှမ်းနှင့် ပဲမျိုးစုံတို့အပြင် စားဖိုဆောင်သီးနှံဖြစ်သည့် ဟင်းသီးဟင်းရွက်များလည်း စီးပွားဖြစ်စိုက်ပျိုးကြပါသည်။ စလင်းမြို့နယ်၊ ငလင်ပန်းကျေးရွာတွင် ရုံးပတီသီးကို စိုက်ဧက ၇ ဧကခန့် စိုက်ပျိုးထားကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီးသည် ဆီထွက်သီးနှံနှင့် ပဲမျိုးစုံတို့ကို အဓိကစိုက်ပျိုးထွက်ရှိရာ အပူပိုင်းဒေသတစ်ခုဖြစ်ပြီး အခြားဒေသများမှ ထွက်ရှိသည့် သစ်သီးဝလံများကို ဝယ်ယူစားသုံးရကြောင်း၊ မကွေးမြို့တွင် မွန်ပြည်နယ်ဒေသထွက် မော်လမြိုင်ကျွဲကောသီးများ လှိုင်လှိုင်ဝင်ရောက်ကာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။
ယခုတစ်ပတ်တွင် ရာသီစာသီးနှံဖြစ်သော ဇီးသီးများဈေးကွက်တွင် စတင်ရောင်းချနေကြောင်းသိရှိရပါသည်။ ပြည်မြို့တစ်ဖက်ကမ်းမှ ရွှေဘုံသာရွာ၊ မကျည်းစုရွာ၊ ငွေဘုံသာရွာ အစရှိသောရွာများမှ စတင်၍ထွက်ရှိလာပြီး ဈေးကွက်ဝင်ရောက်ရောင်းချနေကြောင်း တွေ့ရပါသည်။ ဇီးသီးများမှာ ပေါ်ခါစဖြစ်၍ ထွက်ရှိမှုနည်းသဖြင့် အရောင်းအဝယ်ဖြစ်မှုမှာအနည်းငယ်ရ
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၌ မိုးစပါးစိုက်ဧက (၉၃၉၁၂) ဧက နှစ်စဉ်စိုက်ပျိုးကြောင်းသိရပြီး၊ ၂၀၂၄-၂၀၂၅ ခုနှစ် မိုးစပါးရိတ်သိမ်းခြင်းလုပ်ငန်းကို အောက်တိုဘာလ (၁၈) ရက်နေ့တွင် စတင်ရိတ်သိမ်းနေကြပြီး အထွက်နှုန်းကောင်း၍ အရောင်းအဝယ်ဖြစ်နေပြီး ယနေ့ နိုဝင်ဘာလ (၈)ရက်နေ့အထိ မိုးစပါး ပန်းတနော်မြို့နယ်ရိတ်ဧက (၃၄၃၄၉)
ပြည်ပန်းမန်ဈေးကွက်တွင် ကြာရှည်အထားခံသည့် ရက်တစ်ရာသပြေပန်းများ အရောင်းအဝယ်သွက်လျက်ရှိပြီး ပြည်ဈေးကွက်သို့ နေပြည်တော်၊ ကျောက်ဆည်၊ တွံတေးနယ်ဘက်မှအဝင်ရှိပြီး တစ်ခြင်းလျှင် ပင်ရေ (၁၂၀-၁၅၀)ခန့်ပါရှိကြောင်း သိရသည်။ ဝင်ရောက်မှုရှိသော သပြေခြင်းများတွင် သောင်းပြောင်းပါရှိပြီး လက်လီပြန်လည်ရောင်းချရာတွင် သပြေပန်းအချော၊ အညှပ်