
မြန်မာလူမျိုးတို့သည် မြန်မာ့ရိုးရာအစားအစာများကို အများဆုံးနှစ်သက်ကြသည်။ မြန်မာ့ရိုး ရာမုန့်ကြွေစေ့ကို နံနက်ခင်းတစ်ကြိမ်၊ နေ့လည်အဆာပြေစားလေ့ရှိရာရေနွေးကြမ်း၊လက်ဖက်ရည်၊ကော်ဖီတို့နှင့်တွဲဖက်၍ စားသုံးကြပါသည်။ ဆန်ကို အခြေခံပြီးပြုလုပ်သည့်အတွက် ကျန်းမာ ရေးနှင့် ညီညွတ်ပြီးဘေးဥပါဒ်အန္တရာယ်ကင်းရှင်း၍ လူတိုင်းကြိုက်နှစ်သက်သော အစားအစာတစ် မျိုးဖြစ်သည်။ မုန့်ကြွေစေ့တွင် ဆန်မှုန့်၊ ဆီ၊ ဆားတို့ပါဝင်ပြီး စားတော်ပဲပြုတ်နှင့် နှမ်းထောင်း တို့ဖြင့် တွဲဖက်၍လည်း စားသုံးကြသည်။ ကန့်ဘလူမြို့၊ ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ဒုတိယပတ် အတွင်း ရောင်းချလျက်ရှိသော မုန့်ကြွေစေ့ဈေးနှုန်းမှာ(၁)ပန်းကန်လျှင် (၃၀၀)ကျပ်၊ (၂)ပန်းကန် လျှင်(၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ မုန့်ကြွေစေ့သည် အာဟာရဖြစ်သောမုန့် တစ်မျိုးဖြစ်သဖြင့် ကလေး၊လူကြီးမရွေး ကြိုက်နှစ်သက်သောကြောင့် အရောင်းအဝယ်သွက်လျက် ရှိကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)
