Main menu

ပြည်တွင်းကုန်သွယ်မှုသတင်းများ

Powered by Drupal
27 Jul 2022

            မကွေးတိုင်း‌ဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်ဦးစီးမှူး ဒေါ်တင်တင်လှနှင့် ဦးလင်းကိုကိုဖြိုး(ရုံးအကူ)တို့သည် (၂၁.၇.၂၀၂၂)ရက်နေ့ နံနက်(၁၀:၃၀)အချိန်တွင် မကွေးကုန်စည်ဒိုင်၌ တောင်သူနှင့်ကုန်သည်များ၏ ဒေသထွက်ကောက်ပဲသီးနှံများ ရောင်းဝယ်ဖောက်ကားမှု အခြေအနေများအား ကွင်းဆင်းလေ့လာမေးမြန်းခဲ့ပါသည်။

27 Jul 2022

            စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စက်သုံးဆီ တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ရည်ညွှန်းလက်ကားစျေးနှုန်းများအား နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိပါ သည်။ ထို့အပြင် စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် မကွေးမြို့ပေါ်ရှိ စက်သုံးဆီ ဆိုင်များအား စက်သုံးဆီ တင

26 Jul 2022

            အောင်လံကုန်စည်ဒိုင်တွင် နှမ်းဈေးကွက်အနေဖြင့် ယခင်အပတ်(၁၄.၇.၂၀၂၂)ရက်နေ့နှင့် ယခုအပတ်(၂၀.၇.၂၀၂၂)ရက်နေ့အတွင်း နှမ်းဖြူနှင့်နှမ်းနီမှာ (၄၅)ပိဿာ(၁)အိတ်လျှင် ယခင်အပတ် (၁၈၀၀၀ဝိ/-)  ယခုအပတ် (၁၈၀၀၀ဝိ/-)ဖြစ်၍ ဈေးနှုန်းပြောင်းလဲမှုမရှိကြောင်း သိရှိရပါသည်။

26 Jul 2022

         ယခုမိုးရာသီကာလတွင် ရာသီတုပ်ကွေးများနှင့် ကလေးငယ်များတွင် သွေးလွန်တုပ်ကွေးရောဂါများ ဖြစ်ပွားလျှက်ရှိရာ မကွေးမြို့ရှိ ဆေးဆိုင်များတွင် ဖျားနာမှုအတွက် အဓိကဝယ်ယူလျက်ရှိကြသော အိမ်သုံး ဆေးဝါးများမှာ ဇူလိုင်လ ပထမပတ်နှင့် ဒုတိယပတ်တို့တွင် စျေးနှုန်းများပြောင်းလဲခြင်းမရှိဘဲ စျေးနှုန်းများ တည်ငြိမ်လျှက်ရှိကြောင်းသိရှိရပါသည်။

26 Jul 2022

            သရက်မြို့နယ် ပတ်ဝန်းကျင်ကျေးရွာများမှ ထွက်ရှိသည့် ပဲမျိုးစုံအနက် ပဲတီစိမ်း သီးနှံသည် နေ့စဉ်ဈေးကွက်အတွင်းသို့ ဝင်ရောက်လျက်ရှိပါသည်။ ဇူလိုင်လ ဒုတိယပတ်တွင် ပဲတီစိမ်း တစ်တင်းလျှင်(၄၆၀၀ဝိ/-) ရှိခဲ့ရာမှ ယခုတတိယပတ်တွင် ပဲတီစိမ်းများ ဆက်လက်ထွက်ပေါ် လျက်ရှိရာ တစ်တင်းလျှင် (၄၇၅၀ဝိ/-)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရ

Pages