Main menu

ပုသိမ်မြို့ရှိခဝဲသီးဈေးနှုန်းဈေးကွက်

Powered by Drupal

   ခဝဲပင်သည် နှစ်စဉ်စိုက်ပျိုး၍ရသော အပင်မျိုးဖြစ်ပါသည်။ နွယ်ပင်ကဲ့သို့ လိမ်ယှက်၍ ပေါက်တတ်သော အပင်အမျိုးဖြစ်ပါသည်။ အပွင့်မှာ အဝါရောင်ရှိသည်။ ခဝဲသီးတွင်ပါရှိသော စောင်းများကိုခြစ်ထုတ်ပြီး ကြော်ချက်၍သော်လည်းကောင်း၊ ဟင်းချိုချက်၍သော်လည်းကောင်း ချက်ပြုတ်၍စားသောက်နိုင်ကြသည်။        ခဝဲသီးတွင် အဆီပါတင်မှုနည်းပါးပြီး ကယ်လိုရီပါဝင်မှု လည်းနည်းသည်။ ခဝဲသီးကိုစားသုံးပေးခြင်းဖြင့် သွေးသန့်စင်ပေးနိုင်ခြင်း၊ ဝမ်းမှန်စေခြင်း၊ အသား ဝါရောဂါဖြစ်ပွားနိုင်ချေလျော့နည်းစေခြင်း၊ ဆီးချို၊ သွေးချိုရောဂါဖြစ်ပွားနိုင်ချေလျော့နည်းစေခြင်း၊ ရောင်ရမ်းမှုကိုလျော့နည်းစေခြင်း၊ ခုခံအားကောင်းစေခြင်း၊ အရေပြားကျန်းမာစေခြင်း၊ အစာအိမ်ကို ကူညီနိုင်ခြင်း စသည့်ကျန်းမာရေးကောင်းကျိုးများကိုရရှိစေနိုင်ပါသည်။ ခဝဲသီးချိုချိုကို ဟင်းရည် ချက်၍သော်လည်းကောင်း၊ ဆီပြန်ချက်၍သော်လည်းကောင်း ချက်ပြုတ်စားသောက်ခြင်းဖြင့် ကျန်းမာရေးနှင့်ညီညွတ်သော ဟင်းလျာတစ်ခွက်ကိုရရှိစေပါသည်။

 ထို့ပြင် ပုသိမ်မြို့ရှိ ခဝဲသီးအကြီးတစ်တောင့်လျှင် (၁၀၀၀)၊အသေးတစ်တောင့်လျှင်(၈၀၀)ကျပ် ရောင်းချနေကြောင်းစိုက်ပျိုးသူထံမှသိရပါသည်။

DOCA (ဧရာဝတီ)