ပြည်တွင်းကုန်သွယ်မှုသတင်းများ
တောင်ငူမြို့တွင် ၂၀၂၃ခုနှစ်၊ အောက်တိုဘာလကုန်ပိုင်း၌ ဘိလပ်မြေတစ်အိတ်ဈေးနှုန်းမှာ ကြံ့နှစ်ကောင် (အနီ) ၈၆၀၀ကျပ်၊ ကြံ့နှစ်ကောင်(အစိမ်း) ၈၄၀၀ကျပ်၊ ထိုင်းဆင် ၈၅၀၀ကျပ်၊ Alpha ၈၃၀၀ကျပ်၊ Apache ၈၂၀၀ကျပ်၊ Rhino ၈၁၀၀ကျပ်၊ Max ၇၉၀၀ကျပ်ရှိပါသည်။

တောင်ငူမြို့ ၊ညောင်ပင်လေးဈေးရှိ ဟင်းသီးဟင်းရွက်ဈေးတွင် ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလဆန်းပိုင်း၌ ငရုတ်သီးစိမ်း (ကျောက်စိမ်းသီး)မှာ တစ်ပိဿာလျှင် ၂၀၀၀ကျပ်မှ ၂၅၀၀ ကျပ်၊ ငရုတ်သီးစိမ်း (မိုးထောင်သီး)မှာ တစ်ပိဿာလျှင် ၂၀၀၀ကျပ်မှ ၂၅၀၀ကျပ်၊ ငရုတ်သီးစိမ်း(ကုလားအော်သီးမှာ) တစ်ပိဿာလျှင် ၄၀၀၀ကျပ်မှ ၄၅၀၀ကျပ်အထိဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

တောင်ငူမြို့တွင် အခြေခံစားသောက်ကုန်များဖြစ်သော မြေပဲဆီမှာ ဒီဇင်ဘာလဆန်းပိုင်းတွင် တစ်ပိဿာလျှင် ၁၆၀၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး စားအုန်းဆီကို တစ်ပိဿာလျှင် ၅၅၀၀ကျပ်ဖြင့်ရောင်းချလျက်ရှိပါသည်။

၁၀.၁၂.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-
နတ်တလင်းမြို့နယ်အတွင်းရှိ ကြက်ဥ၊ ဘဲဥအရောင်းဆိုင်များတွင် ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ တတိယပတ်တွင် ကြက်ဥ၊ ဘဲဥဈေးနှုန်းများ အနည်းငယ်ကျဆင်းနေပါသည်။ နိုဝင်ဘာလ ပထမပတ်တွင် ကြက်ဥတစ်လုံးလျှင် အသေး (၂၃၀)ကျပ်၊ အလတ် (၂၅၀)ကျပ်၊ အကြီး (၂၈၀)ကျပ်၊ ဘဲဥတစ်လုံးလျှင် အသေး (၂၉၀)ကျပ်၊ အလတ် (၃၂၀)ကျပ်၊ အကြီး (၃၅၀)ကျပ်နှုန်းရှိရာ နိုဝင်ဘာလ တတိယပတ်တွင်
