ပြည်တွင်းကုန်သွယ်မှုသတင်းများ
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်အတွင်း ပြည်လုံးချမ်းသာ (ခေါ်)အလက်တစ်ထောင်ပန်းညွန့်စိုက်ပျိုးသူများ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလမှစ၍ အရောင်းသွက်လျက်ရှိပါသည်။

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ခြံစိုက်တောင်သများ ဆလပ်ပင်စိုက်ပျိုးခြင်းဖြင့် အပိုဝင်ငွေများရရှိနေပါသည်။ ဆလပ်ပင်ကို သဲကုန်းမြို့နယ် ပုတီးကုန်း၊ ဆင်မြီးဆွဲ၊ တောင်ပို့လှဒေသများ၌ အစိုက်များပြီး အများအားဖြင့် ဆောင်းရာသီတွင်စိုက်ပျိုးကြပါသည်။

ကြက်ဥ၊ ဘဲဥသည် အလွယ်တကူချက်ပြုတ်စားသောက်နိုင်သည့် ဟင်းလျာတစ်မျိုးဖြစ်သည့်အပြင် အာဟာရဓာတ်လည်းပြည့်ဝ၊ အသားငါးထက်လည်း ဈေးနှုန်းချိုသာသဖြင့် ရောင်းအားကောင်းပါ သည်။ တောင်ငူမြို့တွင် ဥစားကြက်မွေးမြူရေးခြံများ၊ ဘဲမွေးမြူရေးခြံများမှ ကြက်ဥ၊ ဘဲဥများအပြင် တောင်ကြီးဒေသနှင့် ပြင်ဦးလွင်ဒေသများမှ ကြက်ဥများလည်းဝင်ရောက်လာပါသည်။

တောင်ငူမြို့၊ ညောင်ပင်လေးဈေးရှိ ဟင်းသီးဟင်းရွက်ဈေး၌ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ နောက်ဆုံးပတ်တွင် ငရုတ်သီးစိမ်း (ကျောက်စိမ်းသီး)မှာ တစ်ပိဿာလျှင် ၂၀၀၀ကျပ်မှ ၂၅၀၀ကျပ်၊ ငရုတ်သီးစိမ်း (မိုးထောင်သီး)မှာ တစ်ပိဿာလျှင် ၂၀၀၀ကျပ်မှ ၂၅၀၀ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်းခဲ့ပြီး ငရုတ်သီးစိမ်း (ကုလားအော်သီာ) တစ်ပိဿာလျှင် ၄၀၀ ကျပ်မှ ၄၅၀၀ကျပ်အထ

တောင်ငူမြို့တွင် အခြေခံစားသောက်ကုန်များဖြစ်သော မြေပဲဆီမှာ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ နောက်ဆုံးပတ်တွင် တစ်ပိဿာလျှင် ၁၆၀၀၀ကျပ်ဖြင့် ဈေးနှုန်း တည်ငြိမ်နေပြီး စားအုန်းဆီတစ်ပိဿာလျှင် ၅၅၀၀ကျပ်ဖြင့် ရောင်းချလျက်ရှိပါသည်။
