
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် သီးနှံမျိုးစုံ စိုက်ပျိုး လျက်ရှိရာ ပဲဇီးကွက်သီးနှံကို ကန့်ဘလူမြို့နယ် ဆန္ဒယားကျေးရွာ၊ ကံကြီးကုန်းကျေးရွာနှင့် အခြား သောကျေးရွာများတွင်လည်း စိုက်ပျိုးကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ ဇွန်လ ဒုတိယပတ်အတွင်း ဈေးနှုန်းများမှာ ပဲဇီးကွက်တစ်တင်းလျှင် (၁၀၃၀၀၀) ကျပ်၊ အကွဲအနာပါလျှင်(၁၀၂၅၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ ယခင်အပတ် ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ပဲဇီးကွက်ဈေးနှုန်း ဆက်လက်မြင့်တက်လာကြောင်း၊ ဈေးကွက်အနေ ဖြင့်ကန့်ဘလူမြို့နယ်မှ ထွက်ရှိသော ပဲဇီးကွက်သီးနှံများကို မန္တလေးမြို့ရှိ ပွဲရုံများ၊ ကုန်စည်ဒိုင်များ သို့ တင်ပို့လျက်ရှိကြောင်း သီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)