ပြည်တွင်းကုန်သွယ်မှုသတင်းများ
ကြက်ဥ၊ ဘဲဥသည် အလွယ်တကူချက်ပြုတ်စားသောက်နိုင်သည့် ဟင်းလျာတစ်မျိုးဖြစ် သည့်အပြင် အာဟာရဓါတ်လည်း ပြည့်ဝ၊ အသားငါးထက်လည်း ဈေးနှုန်းချိုသာသဖြင့် ရောင်းအားကောင်းပါသည်။ တောင်ငူမြို့တွင် ဥစားကြက်မွေးမြူရေးခြံများ၊ ဘဲမွေးမြူရေးခြံများမှ ကြက်ဥ၊ ဘဲဥများအပြင် တောင်ကြီးဒေသနှင့် ပြင်ဦးလွင်ဒေသများမှ ကြက်ဥများလည်း ဝင်ရောက်လာပါသည်။

တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် မြေပဲဆီမှာ တစ်ပိဿာလျှင် ၁၅၀၀၀ ကျပ်ဖြင့် ဈေးနှုန်း တည်ငြိမ်နေပြီး စားအုန်းဆီမှာ တစ်ပိဿာလျှင် ၅၂၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိပါသည်။

တောင်ငူမြို့ ညောင်ပင်ဈေးရှိ သားငါးဆိုင်များတွင် ကြက်သား (အိမ်မွေးကြက်)မှာ အကောင်လိုက်ဈေး ၁၇၀၀၀ ကျပ်၊ အခြမ်းလိုက်ဈေး ၂၀၀၀၀ ကျပ်၊ စီပီကြက်မှာ တစ်ပိဿာလျှင် အကောင်လိုက်ဈေး ၈၀၀၀ ကျပ်၊ အခြမ်းလိုက်ဈေး ၁၀၀၀၀ ကျပ်၊ ရင်အုပ်သား ၁၂၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

တောင်ငူမြို့တွင် ယခု နိုဝင်ဘာ တတိယပတ်တွင် ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် ၁၄၀၀၀၀ ကျပ်၊ ဖျာပုံပေါ်ဆန်း တစ်အိတ်လျှင် ၁၂၀၀၀၀ ကျပ်၊ ဒေသပေါ်ဆန်း တစ်အိတ်လျှင် ၁၀၀၀၀၀ ကျပ်၊ ဧည့်မထဆန်သစ်မှာ တစ်အိတ်လျှင် ၆၀၀၀၀ ကျပ်မှ ၆၃၀၀၀ ကျပ်အထိဖြင့် ဈေးနှုန်း တည်ငြိမ်နေပါသည်။

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့တွင် ယခင်နိုဝင်ဘာ ဒုတ်ယပတ်က 92 RON တစ်လီတာလျှင် ၂၁၀၀ ကျပ်၊ 95 RON တစ်လီတာလျှင် ၂၂၀၀ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၂၂၃၅ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာလျှင် ၂၃၅၅ ကျပ်ရှိပါသည်။
