Main menu

ဘုရင့်နောင်ကုန်စည်ဒိုင်ရှိ ကြက်သွန်နီဝင်ရောက်ရာဒေသများနှင့်ဈေးနှုန်းများ

Powered by Drupal

            ရန်ကုန်တိုင်းဒေသကြီးသို့ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ ဝင်ရောက်လာသည့် ကြက်သွန်နီများသည် အနောက်ပိုင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ ဘုရင့်နောင် ကုန်စည်ဒိုင်သို့  နေ့စဉ်မော်တော်ယာဉ်များဖြင့် ဝင်ရောက်လျက်ရှိပါသည်။ ပွဲရုံများ၏  ကြက်သွန်နီ လက်ကျန်အခြေအနေများအား  အမှန်ကန်ဆုံး သိရှိနိုင်ရန်အတွက် ဘုရင့်နောင် ပွဲရုံဝင်းအတွင်းရှိ  ကြက်သွန်နီပွဲရုံ (၄၀) အနက် Random စနစ်ဖြင့် ပွဲရုံ (၁၀) ရုံအား မေးမြန်း ချက်များအရ လည်းကောင်း၊ ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီ နေ့စဉ်ဝင်ရောက်မှု စာရင်း များအရလည်းကောင်း၊ ကြက်သွန်နီ လက်ကျန်အခြေအနေအား နေ့စဉ်စုံစမ်း လျက်ရှိပါသည်။

          မေလ (၂၆) ရက်နေ့တွင် ဘုရင့်နောင် ကုန်စည်ဒိုင်သို့ ကြက်သွန်နီ ဝင်ရောက်ရာ ဒေသများ ဖြစ်သည့် ဆိပ်ဖြူ၊ ၊ မြင်းခြံ၊ မြစ်သား၊ ပခုက္ကူ၊ တောင်သာဒေသတို့မှ ကြက်သွန်နီ (၉၀၀၀၀၀) ပိဿာဝင်ရောက်ခဲ့ပြီး (၆၀) ရာခိုင်နှုန်းခန့် ပြန်လည်စီးထွက်မှုရှိကြောင်း သိရှိရပါ သည်။ ထို့ကြောင့် ကြက်သွန်နီ လက်ကျန်မှာ (၃၆၀၀၀၀) ကျန်ရှိကြောင်း ကုန်စည်ဒိုင်သတင်း အရ သိရှိရသည်။ ဆိပ်ဖြူ ကြက်သွန်နီ (အသစ်) အချော တစ်ပိဿာ ကျပ် ၁၀၀၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၁၆၀၀ ၊ အကြီးမှာ ကျပ် ၁၇၀၀၊ ရှယ်မှာ ကျပ် ၁၈၀၀၊ မြစ်သား ကြက်သွန်နီ (အသစ်) အသန့်မှာ တစ်ပိဿာ ကျပ် ၁၇၀၀ ၊ အကြီးမှာ ကျပ် ၁၈၀၀၊ ရှယ်မှာ ကျပ် ၁၈၀၀၊ မြင်းခြံ ကြက်သွန်နီ(အသစ်) အချော တစ်ပိဿာ ကျပ် ၁၀၀၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၁၂၀၀ ၊ အကြီးမှာ ကျပ် ၁၂၀၀၊ ရှယ်မှာ ကျပ် ၁၂၀၀၊ ပခုက္ကူ ကြက်သွန်နီ(အသစ်) အသန့်မှာ တစ်ပိဿာ ကျပ် ၁၃၀၀ ၊ အကြီးမှာ ကျပ် ၁၃၀၀၊ တောင်သာ ကြက်သွန်နီ(အသစ်) အချော တစ်ပိဿာ ကျပ် ၆၅၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၈၀၀ ၊ အကြီးမှာ ကျပ် ၈၅၀ ဈေးတို့ အသီးသီး ရှိကြောင်း စုံစမ်းသိရှိရပါသည်။

          ယခင်တစ်ပတ်နှင့် ယခုတစ်ပတ် ကြက်သွန်နီဈေးနှုန်းများ နှိုင်းယှဉ်ရာတွင် ကြက်သွန်နီ ဈေးနှုန်းများမှာ ဈေးအနည်းငယ်ကျဆင်းသွားကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)