ပြည်တွင်းကုန်သွယ်မှုသတင်းများ
၂၆.၅.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-
စစ်ကိုင်းတိုင်းဒေသကြီးသည် ဆန်ပိုဒေသများဖြစ်သော ကလေး၊ ကသာ၊ ကန့်ဘလူနှင့် ရွှေဘိုခရိုင်များအနေဖြင့် ရွှေဘို၊ ရေဦး၊ ကန့်ဘလူနှင့် မုံရွာခရိုင်တို့တွင် ပေါ်ဆန်းဈေးနှုန်း အနည်းငယ်တက်နေပြီး၊ ကျန်ခရိုင်များတွင် ဈေးအေးနေပါကြောင်း သိရပါသည်။
ကသာခရိုင်အတွင်း မြို့နယ်များရှိ ဈေးကွက်များတွင် လိုင်ချီးသီးများ အများအပြား ရောင်းချလျက်ရှိရာ အဝေးပြေးကားဂိတ်များမှတစ်ဆင့်အနယ်နယ်အရပ်ရပ်သို့ တင်ပို့လျက်ရှိပြီး ရန်ကုန်၊ မန္တလေး၊ မုံရွာ၊ ရွှေဘို၊ ရေဦး၊ ခင်ဦးမြို့များသို့ တင်ပို့မှုများပြားကြောင်း ကားဂိတ်များမှ သိရှိရသည်။
(၁၈.၅.၂၀၂၃)ရက်နေ့၊ နံနက်ပိုင်းတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့ရှိ ပွဲရုံလုပ်ငန်းလုပ်ကိုင်သူထံသို့ သွားရောက်၍ ပွဲရုံရှိ သီးနှံများ၏ ဈေးနှုန်းဈေးကွက် အခြေအနေများအား သိရှိနိုင်ပါရန် ကွင်းဆင်းလေ့လာခဲ့ပါသည်။

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ် ဒေသအနီးတဝိုက်တွင် ဒေသအခေါ် ပျဉ်းတော်သိမ်ရွက်ကို ဝယ်ယူသူများအနေဖြင့် ကိုယ်တိုင်အိမ်အရောက် ခူးဆွတ်ဝယ်ယူလျက်ရှိပါသည်။ ဝယ်ယူရောင်းချသူ ကုန်သည်များအနေဖြင့် ၂ တင်းခွဲဝင် တစ်အိတ် လျှင် ခပ်ဖွဖွထည့်၍ (၅၀၀၀) ကျပ်ပေး၍ ဝယ်ယူပြီး၊ (၄-၅) ခက်လျှင် တစ်စည်ပါ အစည်းရေ (၁၀၀၀) ခန့်ဝင်သော အိတ်က
