Main menu

ပန်းမုံလာများထွက်ရှိမှုနည်း၍ ဈေးနှုန်းမြင့်တက်လာ

Powered by Drupal

   မြင်းခြံမြို့နယ်တွင် ရာသီစာ စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သော ပန်းမုံလာများကို ကျေးရွာ တစ်ချို့တွင် စိုက်ပျိုးထားကြပြီး စိုက်ပြီး ရက် ၈၀ အကြာတွင် ဈေးကွက်ရောင်းတန်းဝင် ပန်းမုံလာ ထုပ်များရရှိလို့ ဆွတ်ခူးရောင်းဝယ်ကြရာ တစ်ရက်လျှင် အပွင့်ရေ ၆၀၀ နှင့် ၇၀၀ အကြားရှိ ကြောင်း မြင်းခြံဈေးကွက်တွင် ဒေသထွက် ပန်းမုံလာများရှိသလို နယ်ဈေးကွက် အောင်ပန်းနယ်များမှ ထွက်ရှိသော ပန်းမုံလာများလဲ ရံဖန်ရံခါ ဝင်ရောက်လျက်ရှိကြောင်းသိရသည်။ ဈေးနှုန်းအနေ ဖြင့် ကွာခြားမှုမရှိဘဲ ပန်းမုံလာတစ်ပွင့်လျှင် ငွေကျပ် ၁၀၀၀-၁၅၀၀ ဈေးရှိကြောင်းသိရသည်။ မိသားစု မနက်အစောစာအတွက်တော့ ငွေကျပ် ၁၀၀၀-၁၅၀၀ ဖြင့် ဟင်းလျာ ဖြစ်ပြီး စားသုံးသူအတွက်တော့ ဈေးသင့်ကြောင်း အိမ်ရှိမတစ်ဦးထံမှ သိရသည်။ ယခင်ပန်းမုံလာ တစ်ပွင့်လျှင်ငွေကျပ် ၈၀၀-၁၀၀၀ ဈေးရှိပြီး အရောင်းအဝယ်ဈေးအေးခဲ့ပြီး ယခုကာလတွင် ပန်းမုံလာများထွက်ရှိမှုနည်းပါးသည့် အတွက် ဈေးနှုန်းများမြင့်တက်လာကြောင်း ပန်းမုံလာ လက်ကားရောင်းချသူ ကုန်သည်တစ်ဦးထံမှ သိရသည်။

DOCA(မန္တလေး)