ပြည်တွင်းကုန်သွယ်မှုသတင်းများ
မုံရွာမြို့ သီရိရတနာစျေးရှိ သစ်သီးဝလံများမှာ ရှမ်းပြည်နယ်၊ တောင်ကြီး၊ မြစ်ကြီးနား၊ သီပေါ၊ စစ်ကိုင်း၊ ပြင်ဦးလွင်စသည့် ဒေသတွင်းတို့မှ အသီးသီးဝင်ရောက်လျက်ရှိကြောင်း သိရပါသည်။
မုံရွာမြို့၊ ချင်းတွင်းရတနာစျေး၌ ရောင်းချနေသော ပုဇွန်ခြောက်၊ ငါးခြောက်များမှာ ရန်ကုန်၊ မန္တလေး၊ ရခိုင်ပြည်နယ်ဘက်မှ ဝင်ရောက်ကြောင်းသိရပါသည်။ ပုဇွန်၊ ငါးခြောက်စျေးနှုန်းများမှာ ဝင်ရောက်သည့် ဒေသအပေါ် မူတည်၍လည်းကောင်း၊ အရည်အသွေးကို လိုက်၍လည်းကောင်း ကွာခြားလျက်ရှိပါသည်။
မကွေးမြို့နယ်အတွင်းရှိ စျေးကွက်အတွင်းဖြစ်ပေါ်လျက်ရှိသော အိမ်သုံးဆေးဝါးစျေးနှုန်းများမှာ ဧပြီလ(တတိယပတ်)တွင် Parecetmol (500)mg (၁၀)လုံးပါ (၁)ကဒ်လျှင် ကျပ်(၃၀၀)၊ Decogin (၁၀)လုံးပါ (၁)ကဒ်လျှင် ကျပ်(၁၄၀၀)၊ Civit အလုံး(၁၀၀)ပါ (၁)ဘူးလျှင် ကျပ်(၁၅၀၀)၊ Biogesic (၁၀)လုံးပါ (၁)ကဒ်လျှင် ကျပ်(၉၀၀)၊ Amoxacillin အလုံး(၁၀၀)ပါ (၁)ဘူးလျှ

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် အခြေခံစားကုန်ဈေးနှုန်းများကို အပတ်စဉ် မေးမြန်းတင်ပြလျက်ရှိရာ ရွှေဘိုမြို့တွင် စားသုံးဆီဈေးနှုန်းများ အနည်းငယ်ကျဆင်းလျက်ရှိကြောင်း စားသုံးဆီအရောင်းဆိုင်များမှ သိရသည်။
မကွေးတိုင်းဒေသကြီး၏စျေးကွက်အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိပြီး လူသုံးများသောဓာတ်မြေဩဇာများမှာ အာမို၊ MC၊ တက်တိုးနှင့် ရွှေပုလဲဖြစ်ကြပြီး ဈေးနှုန်းများမှာ ဧပြီလ(ဒုတိယပတ်)တွင် အာမို(၁၅:၁၅:၁၅)(50kg)တစ်အိတ်လျှင် ကျပ်(၁၄၄၀၀၀)ဖြစ်ပြီး တတိယအပတ်တွင် ကျပ်(၁၄၃၀၀၀)ဖြစ်၍ ကျပ်(၁၀၀၀)ဈေးလျော့ခဲ့ကြောင်း၊ MC(၁၅:၁၅:၁၅)(50kg)တစ်အိတ်လျှင် ဒုတ
