
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့မဈေးအတွင်း ရောင်းချလျက်ရှိသော ကြက်သွန်နီဈေးနှုန်းများမှာ မတ်လနောက်ဆုံးပတ်တွင် ကြက်သွန်နီ တစ်ပိဿာလျှင် (၄၅၀၀/ ၅၀၀၀) ကျပ်၊ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ် ရှိနေခဲ့ပြီးဧပြီလဒုတိယပတ် ကြက်သွန်နီ တစ်ပိဿာ လျှင် (၂၀၀၀/၂၅၀၀/၃၀၀၀/)ဈေးနှုန်းတို့အသီးသီးရှိနေကြပါသည်။
အာလူးဈေးကွက်ရောင်းချမှုအနေဖြင့် အာလူးတစ်ပိဿာလျှင် မတ်လနောက်ဆုံးပတ်တွင် အာလူးဈေးနှုန်းမှာ(၅၀၀၀/၆၀၀၀) ကျပ်ဈေးရှိနေခဲ့ရာယခုဧပြီလဒုတိယပတ်တွင်လည်း အာလူး ဈေးနှုန်းမှာ ၅၀၀၀/၆၀၀၀ ကျပ် ဖြင့်အရောင်းဝယ်ဖြစ်နေကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)