ပြည်တွင်းကုန်သွယ်မှုသတင်းများ
ယခုအပတ် ပြည်မန်ကျည်းမှည့်ပွဲရုံများသို့ ဒေသတွင်းထွက်ရှိသော မန်ကျည်းမှည့်နှင့် ခရိုင်အတွင်း ထွက်ရှိသော မန်ကျည်းမှည့်များ ဒေသအစုံ အဝင်ရှိနေပါသည် ။ နေ့စဉ် မန်ကျည်းမှည့် အစေ့ပါနှင့် အစေ့မပါ နှစ်မျိုးလုံးဝင်ရောက်လျှက်ရှိနေပါသည်။ လှောင်လက်သမားများအဝယ် ရှိနေပြီး လက်လီသမားတို့လည်း အဝယ်လိုက်နေသောကြောင့် အရောင်းအဝယ်မှာ ကောင်းလျ
ပြည်ချင်းပွဲရုံများသို့ ချင်းအိတ်များ အဝင်ပုံမှန်ရှိနေပါသည်။ ချင်းလှောင်လက်သမားများသာ အဝယ်ရှိနေသောကြောင့် ပွဲစားများ အရောင်းအဝယ်ရှိနေပါသည်။ ပွဲရုံတွင် နယ်အဝယ်မရှိကာ လက်လီသမားတို့လည်း အိတ်အဆွဲနည်းနေသောကြောင့် အရောင်းအဝယ်အေးနေကြောင်း သိရှိရပါသည်။ ယခုအပတ်ချင်းဈေးများမှာ ပွဲရုံဈေး တစ်ပိဿာလျှင် ၁၈၀၀-၂၀၀၀ကျပ် ဈေးတို့ ဖြစ်ပ
ပြည်ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ပြည်ပတင်ပို့လျှက်ရှိသည့် မတ်ပဲ၊ ပဲစင်းငုံ ဈေးများမှာ ဇန်နဝါရီနောက်ဆုံးပတ်တွင် ကျဆင်းလျက်ရှိကြောင်း သိရှိရပါသည်။
ကြက်ဟင်းခါးသီးပင်သည် ပူနွေးသောရာသီဥတုကိုကြိုက်နှစ်သက်ပါသည်။ အေးသောဒေသများ၌ နွေရာသီတွင်စိုက်ပျိုးလျှင်ဖြစ်ထွန်းပါသည်။ ကြက်ဟင်းခါးသီးစိုက်ပျိုးရန်အတွက် မြေကိုစနစ်တကျပြုပြင် ထွန်ယက်ပေးရပါသည်။ ကြက်ဟင်းခါးသီးစိုက်ပျိုးရာတွင် ရောဂါပိုးကင်းစင်ပြီး ရင့်မှည့်သောအသီးမှ အစေ့များကို တိုက်ရိုက်စိုက်ပျိုးသောနည်းဖြင့် စိုက်ပျိုးပါသည်။
ယခုကာလသည် ကြံများခုတ်သိမ်းချိန် ရာသီဖြစ်၍ အချို့တောင်သူများမှာ သကြားစက်များသို့ တိုက်ရိုက်တင်ပို့ရောင်းချခြင်းများရှိသလို အချို့တောင်သူများအနေဖြင့်လည်း တစ်ပိုင်တစ်နိုင် ကြံသကာချက်လုပ်၍ ကြံသကာအဖြစ်ရောင်းချခြင်း၊ ကြံသကာပြုလုပ်သည့်ဖိုများသို့ ရောင်းချခြင်း များပြုလုပ်ကြပါသည်။