Main menu

ကန်စွန်းဥများ လှိုင်လှိုင်ပေါ်၍ ဈေးကျဆင်း

Powered by Drupal

ဆောင်းရာသီမှစတင်ပေါ်နေသော ကန်စွန်းဥသည် ယခုနွေရာသီကူးပြောင်းစအချိန်တွင် လှိုင်လှိုင်ပေါ်နေပြီဖြစ်ရာ ကန်စွန်းဥပြုတ်၊ ကန်စွန်းဥယိုတို့သည် လွန်စွာမှအညာဒေသရဲ့ ကြိုက်နှစ် သက်သောအစားအစာတစ်မျိုးဖြစ်ပါသည်။ အလှူပွဲ၊ မင်္ဂလာဆောင်၊ အိမ်တက်၊ ဘုရားပွဲများတွင် လည်း ဧည့်ခံကျွေးမွေးကြပါသည်။

 အညာဒေသဖြစ်တဲ့ မြင်းခြံဈေးကွက်သို့  ကန်စွန်းဥများ လှိုင်လှိုင်ဝင်ရောက်နေပြီး အရောင်း အဝယ်ဖြစ်လျက်ရှိပါသည်။ ကန်စွန်းဥ ကိုမြို့နယ်အတွင်းအနည်းငယ်စိုက်ပျိုးမှုရှိပြီး တံတားဦးမြို့ နယ်ဘက်မှ အများဆုံးမှာယူရောင်းချကြောင်း သိရသည်။ အေးမြသီတာဈေး၊ မြို့မစည်ပင်သာယာ ဈေးနှင့်စံပြဈေးတို့တွင် ဖေဖော်ဝါရီလတွင် ကန်စွန်းဥ တစ်ပိဿာလျှင် ( ၃၅၀၀ )ကျပ် ဈေးရှိခဲ့ပြီး ယခု မတ်လမှစ၍ ကန်စွန်းဥ တစ်ပိဿာလျှင် ( ၂၀၀၀ ) ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။ ကန်စွန်းဥကို ကလေး၊ လူကြီးကြိုက်နှစ်သက်ကြသောကြောင့် ဝယ်ယူစားသုံးမှုများပြီး အရောင်းအဝယ်သွက်ကြောင်း ဈေးသည်တစ်ဦး၏ ပြောပြချက်အရသိရသည်။

DOCA(မန္တလေး)