ပြည်တွင်းကုန်သွယ်မှုသတင်းများ
ပြည်ခရိုင်တွင် မိုးစပါး စိုက်ဧကမှာ (၂၂၆၄၉၆)ဧကရှိပြီး ပြည်မြို့နယ်တွင် ၇၄၆၄၂ဧက၊ ပေါက်ခေါင်းမြို့နယ်တွင် ၄၆၇၅၃ဧက၊ ပန်းတောင်းမြို့နယ်တွင် ၄၆၉၃၄ဧက၊ ရွှေတောင်မြို့နယ်တွင် ၅၈၁၆၃ဧက စိုက်ပျိုးပြီးဖြစ်ပါသည်။ စိုက်ပျိုးသောစပါးမျိုးများမှာ အင်းလယ်၊ ဆင်းသွယ်လတ်၊ မနောသုခ၊ ကျော်ဇေယျ၊ ဧရာမင်း၊ မှော်ဘီ၊ အင်းမရဲဘော်နှင့် ထိုင်းနှံကောက်
ပဲခူးတိုင်းဒေသကြီး၊ ပြည်ဈေးကွက်တွင် ခရမ်းဖြူသီး(ခ) ခရမ်းသီးမီးအုန်းသီးများဈေးကောင်းရရှိကာ အရောင်းအဝယ်သွက်လျှက်ရှိပါသည်။ စားသုံးသူများအနေဖြင့် ခရမ်းဖြူသီးကို မီးဖုတ်၍စားသုံးကြသလို နှပ်၍လည်းစားသုံးကြပါသည်။ တချို့ဈေးကွက်များတွင် ခရမ်းဖြူသီးကို မီးဖုတ်၍ရောင်းချပြီး တစ်လုံးလျှင် ၅၀၀-၆၀၀ကျပ်ဖြင့် ရောင်းချကြောင်းသိရှိရပါသည်။
ပဲခူးတိုင်းဒေသကြီး၊ပြည်ပဲဈေးကွက်တွင် နိုဝင်ဘာလအတွင်း မတ်ပဲဈေးနှုန်းများကျဆင်းလာသောကြောင့် ယခု တစ်ပတ်မှာလည်း မတ်ပဲသီးနှံသည် တစ်တင်းလျှင် ၅၅၀၀၀ကျပ်မှ ၅၆၀၀၀ကျပ်ဖြင့်သာ မျိုးပဲအချို့ ဝယ်ယူမှုရှိခဲ့သလို ရန်ကုန်ဝယ်လက်အဝယ်ရှိခဲ့ကြပါသည်။ ပဲလက်ကျန်ရှိနေသည့်အတွက် ဝယ်လို အားရှိသလောက် ရောင်းချမှုရှိပြီး တစ်ရက်လျှင်အိတ် ၂၀၀/၃၀၀ကျော် အရောင်းအဝယ် ဖြစ်ခ
ပြည်ပဲဈေးကွက်အတွင်း ဆောင်းပဲတီစိမ်းသစ်များ အထွက်လှိုင်ချိန်ဖြစ်နေသည့်အတွက် ပဲအဝင် တစ်ရက်လျှင် အိတ် ၇၀၀/၈၀၀ကျော် ဝင်ရောက်ခဲ့သလို ဝယ်လက်များကလည်း အဝယ်လိုက် နေသော ကြောင့် ပဲအဝင်ရှိသလောက် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည် ။ ပြည်အနီး တဝိုက် ဒေသများဒေသများနှင့် မင်းတုန်း၊ ကံမမြို့နယ်များမှ နေ့စဉ်ဝင်ရောက်ခြင်းဖြစ်၍ ဝယ်လက်
ပဲခူးတိုင်းဒေသကြီး၊ ပြည်ဈေးကွက်တွင် ပဲသစ်အချို့နေ့စဉ် ဝင်ရောက်လျှက်ရှိရာ ဘိုကိတ်ပဲသီးနှံသစ်များလည်း ဝင်ရောက်မှုများလာခဲ့ကြပါသည်။ ။ ပြည်အနီးတဝိုက်ဒေသများမှ ဝင်ရောက်ခဲ့ပြီး တစ်ရက်အိတ် ၂၀၀/ ၃၀၀ကျော် ဝင်ရောက်ခဲ့ပါသည် ။ အရောင်းအဝယ်အနေဖြင့် လက်လီသမားသာ အဝယ်ရှိ၍ တစ်ရက်အိတ် ၂၀/၃၀ကျော် ဒေသတွင်း ဝယ်ယူမှုအချို့သာ ရှိခဲ့ကြပါသည်