ပြည်တွင်းကုန်သွယ်မှုသတင်းများ
တောင်ငူမြို့နယ်အတွင်းရှိ ဈေးများ၊ ရပ်ကွက်များရှိဆိုင်များအပြင် ကျေးရွာများရှိ ကုန်စုံဆိုင်များတွင်လည်း စားသုံးသူပြည်သူများအနေဖြင့် ဟင်းတစ်မယ်အဖြစ် အလွယ်တကူကြော်၍ လည်းကောင်း၊ ပြုတ်၍လည်းကောင်း၊ ချက်၍လည်းကောင်း သုံးစွဲနိုင်သည့် ကြက်ဥနှင့်ဘဲဥများ ရောင်းချလျက်ရှိပါသည်။ ကြက်ဥ၊ ဘဲဥများကို တောင်ငူမြို့နယ်အတွင်းရှိ မွေးမြူရေး
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/171_4.jpg?itok=FjEGhvI8)
တောင်ငူခရိုင်၊ ဖြူးမြို့တွင် ရောင်းကုန်တစ်ခုဖြစ်သော ရွှေပန်း၊ ငွေပန်းများသည် ယခုအခါ လှိုင်လှိုင်ပွင့်ဝေ၍ ဈေးကွက်အတွင်း ရာသီပန်းများအဖြစ်ရောင်းချလျက်ရှိပါသည်။ ရပ်ကွက်အတွင်း အချို့အိမ်များတွင် အလှစိုက်၍သော်လည်းကောင်း၊ တပိုင်တနိုင်စိုက်ပျိုးပြီး အပွင့်များရောင်းချ၍သော်လည်းကောင်း စိုက်ပျိုးကြပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/170_5.jpg?itok=aGQ7thM4)
တောင်ငူမြို့တွင် ကြက်သွန်နီမှာ ယခင်စက်တင်ဘာလနောက်ဆုံးပတ်က တစ်ပိဿာ လျှင် အသေး၂၀၀၀ ကျပ်၊ အလတ် ၂၃၀၀ ကျပ်၊ အကြီး ၂၅၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် တစ်ပိဿာ လျှင် အသေး ၂၃၀၀ ကျပ်၊ အလတ် ၂၆၀၀ ကျပ်၊ အကြီး ၃၀၀၀ ကျပ်ရှိသဖြင့် တစ်ပိဿာလျှင် ၃၀၀ ကျပ်မှ ၅၀၀ ကျပ် အထိ ဈေးနှုန်းမြင့်တက်ပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/169_4.jpg?itok=eCWQZ2dX)
အုန်းပင်သည် အမျိုးအစားအနေဖြင့် ဒေသအလိုက် အမျိုးမျိုးရှိသော်လည်း အခြေခံအားဖြင့် သုံးမျိုးသာရှိကြောင်း သိရှိရပါသည်။ ယင်းတို့မှာ ပင်မြင့်မျိုး၊ ပင်ပုမျိုးနှင့်စပ်မျိူးတို့ဖြစ်ကြသည်။ အပင်ပေါ်ရှိ အုန်းသီးကခြောက်သွေ့သောရာသီတွင် ရင့်မှည့်မှုမြန်ဆန်ပြီး၊ စိုစွတ်သောမိုးရာသီတွင် ရင့်မှည့်မှုကြာတက်ပါသည်။ အုန်းသီးသည်ယေဘုယျအားဖြင့် ခြ
တောင်ငူမြို့တွင် အာလူးမှာ ယခင်လက တစ်ပိဿာလျှင် အသေး ၃၀၀၀ ကျပ်၊ အလတ် ၃၅၀၀ ကျပ်နှင့် အကြီး ၄၀၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် အသေး ၅၀၀၀ ကျပ်၊ အလတ် ၆၀၀၀ ကျပ်နှင့် အကြီး ၇၀၀၀ ကျပ်ရှိသဖြင့် တစ်ပိဿာလျှင် ၂၀၀၀ ကျပ် ဈေးတက်ပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/168_4.jpg?itok=320RXHGA)