Main menu

ဒေသထွက် ငရုတ်သီးစိမ်းများ ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိ

Powered by Drupal

       ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ဈေးအတွင်း၌ ရာသီပေါ် ဟင်းသီးဟင်းရွက်များ ဖြစ်သည့် မုန်လာဥ၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ၊ ခါကြက်ဥ၊ ပဲတောင့်ရှည်၊ ခရမ်းသီးနှင့် ငရုတ်သီးစိမ်း များ ရောင်းချလျက်ရှိပြီး စားသုံးသူများ၊ စားသောက်ဆိုင်များနှင့် ထမင်းဆိုင်များမှ နေ့စဉ် ဝယ်ယူလျက်ရှိကြောင်း သိရသည်။

          ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ပထမပတ်အတွင်း ငရုတ်သီးစိမ်း ဈေးနှုန်းမှာ လက်လီ (၁) ပိဿာလျှင် (၃,၂၀၀) ကျပ်၊ လက်ကား (၁) ပိဿာလျှင် (၃,၀၀၀) ကျပ်နှင့် (၅၀) ကျပ်သားလျှင် (၁,၅၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်အောက်တိုဘာလ၏ ဈေးနှုန်း များနှင့် နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ငရုတ်သီးစိမ်း (၁) ပိဿာလျှင် (၂၅၀) ကျပ် ဈေးနှုန်း အနည်းငယ် ကျဆင်းသွားကြောင်း သိရသည်။ ငရုတ်သီးကို ပုသိမ်မြို့ပေါ်ရပ်ကွက်များနှင့် ပုသိမ် မြို့နယ်အတွင်းရှိ ကျေးရွာများမှ လာရောက်ရောင်းချကြောင်း ဈေးသည်တစ်ဦးထံမှ သိရှိ ရသည်။

DOCA(ဧရာဝတီ)