ပြည်တွင်းကုန်သွယ်မှုသတင်းများ
ဝါလကင်းလွတ်သီတင်းကျွတ်အချိန်အခါကာလသို့ ရောက်ရှိတော့မည်ဖြစ်သဖြင့် တောင်ကြီး မြို့ရှိ ဈေး၊ Market နှင့် စတိုးဆိုင်များတွင် အရောင်းအဝယ်အသွက်ဆုံး ကုန်ပစ္စည်းများထဲတွင် ဖယောင်းတိုင်နှင့်လက်လုပ်မီးပုံးများအပါအဝင် ဖြစ်ပါသည်။
ဧရာဝတီတိုင်းဒေသကြီးအတွင်း နိုင်ငံခြားဝင်ငွေရှာဖွေပေးနေသော အဓိကပို့ကုန် မတ်ပဲကို တိုင်းအတွင်းခရိုင်မြို့နယ်များတွင် နှစ်စဉ် (၉၉၉၄၂၉) ဧကစိုက်ပျိုးလျက်ရှိပြီး ဟင်္သာတခရိုင်တွင် (၂၅၀၁၅၅) ဧကစိုက်ပျိုး၍ မိုးစပါးရိတ်သိမ်းပြီးကာလ ဆောင်းရာသီတွင် တစ်မိုးလျှင် နှစ်သီးသီးသည့် သီးနှံဖြစ်သောကြောင့် တောင်သူများ ဝင်ငွေကောင်းနေသော သ
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ပြည်ပပို့ကုန်များတွင် ဈေးကွက်ခိုင်မာစွာရရှိနေသော ပဲတီစိမ်းကို ၂၅၆၀၅၉ဧကစိုက်ပျိုးလျက်ရှိပြီး ထွက်ရှိလာသောပဲတီစိမ်းများကို ရန်ကုန်မြို့သို့ တင်ပို့ရောင်းချလျက် ရန်ကုန်မှတစ်ဆင့် တရုတ်၊ အိန္ဒိယနှင့် အခြားပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်းသိရသည်၊၊
ပြည်တွင်း/ ပြည်ပဈေးကွက်တွင် အရောင်းအဝယ်ဖြစ်နေသော စက်မှုကုန်ကြမ်း ပီလောပီနံကို ဧရာဝတီတိုင်းဒေသကြီးအတွင်း နှစ်စဉ် ပီလောပီနံစိုက်ဧက (၃၀၀၀၀) ခန့်စိုက်ပျိုးလျက်ရှိရာ ကျုံပျော်ခရိုင်တွင် ပီလောပီနံစိုက်ဧက (၂၀၀၀၀) ခန့်ဖြင့် အများဆုံးစိုက်ပျိုးလျက်ရှိကြောင်းသိရသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၏ မြေဩဇာကောင်းမွန်သော နုန်းမြေပေါ်တွင် ငရုတ်သီးစိုက်ပျိုးရန် အကောင်းဆုံးဖြစ်ပြီး ဟင်းခတ်အမွှေးအကြိုင်သီးနှံ၌ မပါမဖြစ်သုံးစွဲနေသော ငရုတ်သီးကို ပြည်ပသို့တင်ပို့ရန်နှင့် ပြည်တွင်းသုံးစွဲရန် နှစ်စဉ် မိုးရာသီနှင့် ဆောင်းရာသီတို့တွင် စိုက်ဧက (၁၂၀၀၀) ခန့်စိုက်ပျိုးလျက်ရှိကြောင်းသိရသည်။