Main menu

ထားဝယ်မြို့ရှိ    စပါးလင်ပင် ဈေးနှုန်း

Powered by Drupal

      စပါးလင်ပင်သည် မြက်ပင်မျိုးနွယ်ဝင် အပင်တစ်မျိုးဖြစ်ပြီးတစ်ပင်နှင့်တစ်ပင် စုပြုံပေါက် လေ့ရှိပါသည်။ စပါးလင်ကို အထူးတလည် ဂရုစိုက်ရန် မလိုပဲ ပေါင်းမြက် ရှင်းလင်းပေးရန်သာ လိုအပ်ပါသည်။ အပင်တစ်အုံလုံးကို တူးဖော်ရောင်းချပြီး တစ်နှစ်တစ်ခါမိုးရာသီတွင် ပြန်လည် စိုက်ပျိုးကြပါသည်။ စပါးလင်ပင်သည် ဆေးဘက်ဝင်ပြီး အများအားဖြင့် ဟင်းလျာများတွင် အနံ့ကောင်းစေရန် အသုံးပြုကြပါသည်။

          ထားဝယ်မြို့အတွင်းရှိ ကျေးရွာ အချို့တွင် စပါးလင်ကို တစ်ပိုင်တစ်နိုင်  စိုက်ပျိုးကြသလို ခြံစိုက်တောင်သူ အချို့မှာ မာလကာပင်များ အကြားတွင်ကြားသီးနှံအဖြစ် စိုက်ပျိုးကြပါသည်။ ဈေးနှုန်းအနေဖြင့် ယခု နိုဝင်ဘာလ နောက်ဆုံးပတ်တွင် ခြံပေါက်ဈေး  အပင်(၁၀၀)လျှင် (၅၀၀၀) ကျပ်နှုန်းရောင်းချရကြောင်း စပါးလင်စိုက်တောင်သူများ ထံမှသိရပြီး ဈေးကွက်အတွင်း စပါးလင်ပင် သုံးပင်ပါ တစ်စီး  (၈၀၀)ကျပ်ဖြင့် ရောင်းချနေ ကြောင်းသိရပါသည်။

DOCA(တနင်္သာရီ)