ပြည်တွင်းကုန်သွယ်မှုသတင်းများ
ရှမ်းပြည်နယ်မှ မော်လမြိုင်မြို့သို့ ဝင်ရောက်မှုရှိသည့် အာလူးများသည် အပတ်စဉ် ကုန်စည်ဒိုင်သို့ ဝင်ရောက်လျက်ရှိသည်။ ယင်းမှ တစ်ဆင့်ဈေးကွက်တွင် ဖြန့်ဖြူးရောင်းချကြသည်။ ယခင်လက အားလူးဈေးနှုန်းသည် တစ်ပိဿာလျှင် ၆၀၀၀ကျပ် ဖြစ်ခဲ့ရာမှ ယခုလ စက်တင်ဘာလ၌ အာလူးဈေးနှုန်း တစ်ပိဿာလျှင် ၆၅၀၀ ကျပ်၊ ဈေးနှုန်းမြင့်တက်လာ၍ ကွာခြားမှု ၅၀၀ကျပ် ဖြစ်သည်။
မော်လမြိုင်မြို့ ဈေးကွက်အတွင်း၌ စက်တင်ဘာလ (တတိယပတ်)တွင် ကြက်ဥဘဲဥ ဈေးနှုန်းမြင့်တက်လာသည်။ ယခင် (ဩဂုတ်လ)တွင် ကြက်ဥတစ်လုံး ၃၂၀ ကျပ်၊ ဘဲဥတစ်လုံး ၄၅၀ ကျပ်ဖြစ်ခဲ့ရာမှ ယခုလ စက်တင်ဘာလ(တတိယပတ်)တွင် ကြက်ဥတစ်လုံး ၃၅၀ကျပ်၊ ဘဲဥတစ်လုံး ၅၂၀ကျပ် ဖြစ်ပေါ်နေသည်။ ထို့ကြောင့် မော်လမြိုင်ဒေသ၏ ကြက်ဥဘဲဥဈေးနှုန်းမှာ တစ်လုံးဈေးနှုန်းအရ ကြက်ဥ ၃၀
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/ဥ_0.jpg?itok=UcTWOR3u)
၂၀၂၄ခုနှစ်၊ စက်တင်ဘာလ(တတိယပတ်)တွင် မော်လမြိုင်မြို့၌ ကြက်သွန်ဖြူ (ရှမ်းစ)ဈေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ် ၁၆၀၀၀၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာလျှင် ကျပ် ၂၅၀၀၀၊ ယခင် ဩဂုတ်လတွင် ကြက်သွန်ဖြူ (ရှမ်းစ)ဈေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ် ၁၄၀၀၀၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာလျှင် ကျပ် ၁၆၀၀၀ ဖြစ်သည်။
မော်လမြိုင်မြို့၏ အေးသာယာကုန်စိမ်းဈေး၌ ခရမ်းချဉ်သီးဈေးနှုန်း အခြေအနေ မှာ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ(ပထမပတ်)အတွင်း တစ်ပိဿာလျှင် ကျပ် ၂၃၀၀ မှ ၂၅၀၀ ကျပ်အတွင်းဖြစ်ခဲ့ရာမှ စက်တင်ဘာလ (တတိယပတ်)တွင် ခရမ်းချဉ်သီးဈေးနှုန်းမှာ တစ်ပိဿာလျှင် ၃၀၀၀ကျပ်မှ ၄၀၀၀ ကျပ်ခန့် သိသိသာသာ ဈေးနှုန်းမြင့်တက်လာကြောင်း ကုန်စိမ်းရောင်းချသူများမှ သိရှိရသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/ခရမ်းချဥ်သီး_15.jpg?itok=8R9QlA3I)
မွန်ပြည်နယ်အနေဖြင့် ငရုတ်ကောင်းပင် စိုက်ဧက ၂၉၅၃၅ ဧက၊ ရိတ်ဧက/ ခူးဆွတ်ဧက ၁၈၄၅၈၊ နှုန်း ၉၆.၉၅ ဖြင့် စုစုပေါင်းအထွက် ၁၇၈၉၄၉၇ ပိဿာထွက်ရှိသည်။ မွန်ပြည်နယ်အတွင်း မြို့နယ်များအလိုက် ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊ ပေါင် ၊ မော်လမြိုင်၊ ချောင်းဆုံ၊ ကျိုက်မရော၊ မုဒုံ၊ သံဖြူဇရပ်၊ ရေးမြို့၊ လမိုင်း၊ ခေါဇာတို့၌ စိုက်ပျိုးသည်။