ပြည်တွင်းကုန်သွယ်မှုသတင်းများ
မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့နယ်၊ ပန်းတော်ပြင်ကျေးရွာအုပ်စု၊ မယ်ဇလီတော ကျေးရွာတွင် ပဲတီစိမ်းစိုက်ဧက(၂၀)ဧကကို တောင်သူ(၁၇)ဦးမှ မိုးဦးကျကာလဖြစ်သည့် ၂၀၂၄ခုနှစ်၊ ဇွန်လတွင် ထွန်ကြောင်းဆွဲအစေ့ချစနစ်ကိုအသုံးပြု၍ စိုက်ပျိုးခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးဈေးကွက်၌ မကွေးမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မင်းဘူးခရိုင်အတွင်းရှိ ကျေးရွာများမှ ထွက်ရှိသည့် ကုလားပဲသီးနှံများ နေ့စဉ် အရောင်းအဝယ်ဖြစ်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (ဒုတိယပတ်)တွင် ကုလားပဲဝါ(929) တစ်တင်းလျှင် ငွေကျပ် (၉၅၀၀၀)၊ ကုလားပဲဝါ(HL) တစ်တင်းလျှင် ငွေကျပ်(၉၄၀၀၀)ဖြင့် အရော
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်အတွင်းရှိ ကိုးပင်ကွေ့၊ လယ်ယား၊ ထန်းပင်စမ်းစသည့် ကျေးရွာများတွင် နှမ်း၊ ဆီထွက်သီးနှံနှင့် ပဲမျိုးစုံတို့ကို အဓိကစိုက်ပျိုးလျက်ရှိပြီး ကိုးပင်ကွေ့ကျေးရွာတွင် မိုးမြေပဲစိုက်ဧက ၁၅ ဧကခန့် စိုက်ပျိုးထားကြောင်း သိရသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/20.1_6.jpg?itok=m7_lIlDR)
မွန်ပြည်နယ်၊ မုဒုံမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီချိန်တွင် မိုးစပါးစိုက်ဧက ၇၅၁၉၆ စိုက်ပျိုးရန်လျာထားရာ လက်ရှိအချိန်တွင် မိုးစပါးစိုက်ဧက ၇၅၆၆၅ စိုက်ပျိုးပြီးစီးပြီဖြစ်၍ လျာထားဧကထက် ၄၆၉ ဧကကို ကျော်လွန်စိုက်ပျိုးနိုင်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/19.24_0.jpg?itok=no4mpzof)
မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် မြို့အနီးအနားဝန်းကျင်နှင့် ကျေးလက်ဒေသများတွင် ဖူးစားပြောင်းများ စိုက်ပျိုးမှုဖြစ်ထွန်း၍ စျေးကောင်းရရှိကာ တောင်သူများ အကျိုးအမြတ်ရရှိကြောင်း သိရသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/19.23_0.jpg?itok=S2B4d3mf)