Main menu

ငွေပန်းဈေးနှုန်းဈေးကွက်

Powered by Drupal

                မြင်းခြံမြို့နယ် သဲဖြူဝကျေးရွာ၊ လေးအိမ်တန်းကျေးရွာ၊ လှိုင်းတက်၊ ဘောလုံး ၊ ဓါးကျွန်း၊ ဆင်တဲကျေးရွာများတွင် ငွေပန်းပင်များကိုခြံဝန်းများအတွင်း၌ စီးပွားဖြစ်စိုက်ပျိုးထားရှိကြောင်းသိရှိရသည်။ အေးမြသီတာဈေး၌ ၂၀၂၅ ခုနှစ်၊နိုဝင်ဘာလတတိယပတ်တွင် ရောင်းချနေသော ငွေပန်းကုံး (၁၀)ကုံးလျှင်(၇၀၀)ကျပ်၊ ငွေပန်းကုံးတစ်ကုံးလျှင် (၃)ပွင့်ပါတစ်ကုံးသီကုံးထားကြောင်း၊ ငွေပန်းများကို နေ့စဉ် မိမိတို့အိမ်၏ဘုရား၌လှူခြင်း၊ ဘုရားစေတီပုထိုးများတွင် လည်းလှူဒါန်းသူများခြင်း၊ ဘာသာ ရေးပွဲများတွင်လည်း ကန်တော့ပွဲထိုးခြင်း နှင့် လာဘ်ရွှင်သောပန်းအဖြစ်မြန်မာလူမျိုးများ အသုံးပြုကြသောကြောင့် နေ့စဉ်အရောင်းအဝယ်ဖြစ်ကြောင်း၊ ပန်းဖောက်သည်များလည်းပေးရကြောင်း၊ ငွေပန်း ကုံးအရောင်းအဝယ်ဖြစ်မှုအနေဖြင့် နေ့စဉ် (၁၀၀၀-၁၅၀၀)ကုံးခန့်ရောင်းချရကြောင်း၊နေ့စဉ်ဝင်ငွေရသောပန်းဖြစ်သောကြောင့်စီးပွားဖြစ်စိုက်ပျိုးသင့်သောပန်းဖြစ်ကြောင်း ငွေပန်းရောင်းချသူ၏ပြောပြ ချက်အရသိရှိရသည်။

DOCA(မန္တလေး)