
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ် အတွင်းရှိ မိကျောင်းရဲ၊ လျောင်းတော်ဦး၊ ကံသစ်၊ ရွာဟောင်းကန်၊ သစ်ရာကောက်စသည့်ကျေးရွာများနှင့် မင်းဘူး၊ မြို့သစ်၊ နတ်မောက်မြို့ နယ်တို့မှ ထွက်ရှိသော ပဲတီစိမ်း၊ ပဲနောက်၊ ကုလားပဲ၊ ပဲကြီး၊ စားတော်ပဲ၊ မတ်ပဲ နှင့်အခြား ပဲမျိုးစုံတို့ မကွေးဈေးကွက်သို့ ဝင်ရောက်ရောင်းဝယ်ဖောက်ကားလျက်ရှိပါသည်။
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ(ဒုတိယပတ်)တွင် ကုလားပဲ(HL) (၁)တင်းလျှင် ကျပ်(၈၄၅၀၀)၊ ကုလား ပဲ(929) (၁)တင်းလျှင် ကျပ်(၈၁၂၀၀)၊ ပဲတီစိမ်း (၁)တင်းလျှင် ကျပ် (၁၂၅၀၀၀)၊ ပဲနောက်(၁)တင်းလျှင် ကျပ်(၁၂၇၀၀၀)၊ ပဲထောပတ် (၁) တင်းလျှင် ကျပ်(၉၀၀၀၀)၊ ပဲလွန်းဝါ (၁)တင်းလျှင် ကျပ်(၆၃၀၀၀)၊ ပဲကြီးဖြူ (၁)တင်းလျှင် ကျပ် (၁၀၅၀၀၀)၊ မတ်ပဲ (၁)တင်းလျှင် ကျပ်(၉၆၅၀၀)၊ ပဲစဉ်းငုံနီ(၁)တင်းလျှင် ကျပ်(၉၀၀၀၀)၊ စားတော်ပဲ (၁)တင်းလျှင် ကျပ်(၂၃၀၀၀၀)၊ မြေပဲလုံးဆံ(နီ)(၁)ပိဿာလျှင် ကျပ်(၇၈၀၀)၊ မြေပဲလုံဆံ(ဖြူ) (၁)ပိဿာ လျှင် ကျပ်(၇၉၀၀)၊ မြေပဲအောက်ကျဆီဆံ(၁)ပိဿာလျှင် ကျပ်(၆၇၀၀)ဖြစ်၍ ယခင်အပတ်နှင့် နှိုင်းယှဉ် ပါက ပဲနောက် ကျပ်(၂၀၀၀)၊ မြေပဲအောက်ကျဆီဆံ ကျပ်(၂၀၀) ဈေးနှုန်းမြင့်တက်ပြီး ကျန်ပဲများမှာ ဈေးနှုန်း တည်ငြိမ်လျက်ရှိကြောင်း၊ တစ်ပတ်အတွင်း မကွေးမြို့မှ မန္တလေးမြို့သို့ ပဲနောက် အိတ်ရေ (၅၀၀)၊ ပဲတီစိမ်း အိတ်ရေ (၂၆၀၀)၊ ပဲလွန်းဝါ အိတ်ရေ (၁၀၀၀)၊ မြေပဲအိတ်ရေ (၆၀၀၀)၊ ရန်ကုန်မြို့သို့ ပဲနောက် အိတ်ရေ (၁၅၀၀)၊ ပဲတီစိမ်း အိတ်ရေ (၂၁၀၀)၊ ပဲလွန်းဝါ အိတ်ရေ(၁၀၀၀)၊ မြေပဲအိတ်ရေ (၅၀၀၀)နှင့် ပြည်မြို့သို့ ပဲလွန်းဝါအိတ်ရေ (၁၅၀၀) တင်ပို့ခဲ့ပြီး တန်ချိန်အားဖြင့် (၈၃၀)တန်ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။
DOCA(မကွေး)
