Main menu

ပြည်တွင်းကုန်သွယ်မှုသတင်းများ

Powered by Drupal
02 Dec 2024

         ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်တွင် ဒေသခံတောင်သူလယ်သမားကြီးများသည် စိုက်ပျိုးမြေများကောင်းမွန်မှုကြောင့် နွေစပါး၊ မိုးစပါးနှင့် ဆောင်းသီးနှံများဖြစ်သော မတ်ပဲ၊ ပဲတီစိမ်း၊ မြေပဲ၊ နေကြာ စသည့်သီးနှံများကို စီးပွားဖြစ်စိုက်ပျိုးလုပ်ကိုင်လျက်ရှိကြပါသည်။

02 Dec 2024

             မွန်ပြည်နယ်၊ ပေါင်မြို့နယ် အနီးတစ်ဝိုက်နှင့် ကျေးရွာများတွင် ဥစားပိန်းစိုက်တောင်သူများ ဈေးကောင်းရရှိသဖြင့် မိသားစုတစ်ပိုင်တစ်နိုင် စိုက်ပျိုးရာမှ စီးပွားဖြစ်တိုးချဲ့ စိုက်ပျိုးလာကြောင်း သိရသည်။

02 Dec 2024

         တောင်ငူခရိုင်၊ ဖြူးမြို့တွင် တစ်နိုင်တစ်ပိုင် ငွေနှင်းမှိုစိုက်ပျိုးရေးမှ မိသားစုအပိုဝင်ငွေရရှိလျက်ရှိပါသည်။ တောင်ငူမြို့မှ မှိုပျိုးထုပ်များကိုမှာယူပြီး အလျား ၁၀ပေ၊ အမြင့် (၂)ပေခန့်ရှိသည့် စင်ထိုး၍ စိုက်ပျိုးရပါသည်။ အမိုး၊ အကာလုံခြုံအောင်ပြုလုပ်ပေးရပြီး လေဝင်လေထွက် သင့်တင့်အောင်ပြုလုပ်ထားရပါသည်။

02 Dec 2024

      ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်တွင် သစ်ကိုအခြေခံ၍ အနုပညာလက်မှုပစ္စည်းပြုလုပ်သောလုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်သော လုပ်ငန်း(၁)ခုရှိပါသည်။ ကုန်ကြမ်းအနေဖြင့် သစ်မာမျိုးစုံဖြစ်သည့် ကုက္ကို၊ ဘင်ဂ၊ ပိတောက်သားများကိုအသုံးပြု၍ ထုတ်လုပ်ကြောင်းသိရှိရပါသည်။ လုပ်ငန်းလုပ်ကိုင်ရာတွင် လုပ်သား (၁၅)ဦးခန့်အသုံးပြုပြီး တစ်ရက်လုပ်အားခငွေကိ

02 Dec 2024

     ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်ရှိ ဒေသထွက်ကုန် ရှောက်သီးမှထုတ်လုပ်သည့် ရှောက်ပျားရည်နှင့် ရှောက်သီးဆေးပြားသည် ကျန်းမာရေးနှင့်ညီညွတ်ပြီး ဒေသထွက် အိမ်ပြန် လက်ဆောင်အနေဖြင့် ဈေးကွက်အတွင်း တဖြည်းဖြည်းဝင်ရောက်လျက်ရှိကြောင်းသိရသည်။ ရှောက်ပျားရည်ထုတ်လုပ်ရန် ကုန်ကြမ်းဖြစ်သော ရှောက်သီးကို နီးစပ်ရာမြို့ဖြစ်သော ရွှေကျင်၊ ရှော

Pages