ပြည်တွင်းကုန်သွယ်မှုသတင်းများ
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် အညာတောင်သူများ၏ အဓိကစိုက်ပျိုးသီးနှံများအနက် တစ်ခုဖြစ်သည့် ပဲစဉ်းငုံသီးနှံများအောင်မြင်ဖြစ်ထွန်းခဲ့၍ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလနောက်ဆုံးပတ်တွင် စတင်ရိတ်သိမ်းခဲ့ကြပြီး၊ ဈေးကောင်းရရှိသဖြင့် ၂၀၂၃ ခုနှစ်၊ ပဲစဉ်းငုံစိုက်တောင်သူများ အဆင်ပြေကြကြောင်းသိရသည်။ ကျောက်ပန်းတောင်းမြို့နယ်နှင

ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ သံတံတားရပ်ကွက်တွင် တစ်နိုင်တစ်ပိုင် အိမ်တွင်းလုပ်ငန်းဖြစ်သော ငါးခြောက်ခြင်းတောင်းနှင့် ငါးပိခြင်းတောင်းရက်လုပ်သော လုပ်ငန်းလုပ်ကိုင်လျက်ရှိကြောင်း သိရှိရပါသည်။

မြင်းခြံခရိုင်၊ မြင်းခြံမြို့အနေဖြင့် မြေပဲစိုက်ဧက (၂၀၀၄၂) ဧကရှိပါကြောင်း၊ ယခင်နှစ် စိုက်ဧက (၁၈၉၈၆) ဧကသာရှိသည့်အတွက် ယခုနှစ်တွင် စိုက်ဧက အနည်းငယ်ပိုမိုစိုက်ပျိုးထားကြောင်း သက်ဆိုင်ရာဌာန၏ ကိန်းဂဏန်းအချက်အလက်များမှသိရသည်။ မြို့ပေါ်ဈေးကွက်တွင် ယခင်မြေပဲဆန်(ဟောင်း)တစ်ပိဿာလျှင် ၁၀၀၀၀ကျပ်၊ ၁၀၂၀၀ကျပ်ရှိခဲ့ရာမှ ယခုမိုးဦးစိုက် မ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်သည် ပုသိမ်-မုံရွာကားလမ်း ဘေးတွင် တည်ရှိပြီး လမ်းမကြီး၏ ဘေးဝဲယာတစ်လျှောက်တွင် မြေလွတ်မြေရိုင်းများစွာ ပေါများသည့်အလျောက် တောင်ကုန်းတောင်တန်းများတွင် စီးပွားရေးအရ တွက်ခြေကိုက်သည့် နှစ်ရှည်ပင်များ စိုက်ပျိုးလျက်ရှိကြပါသည်။ လေးမျက်နှာမြို့နယ်အတွင်း ကျွန်း၊ ပျဉ်ကတိုး၊ မာန်ဂျ

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ အထက်ပုဇွန်တောင်လမ်းမနှင့် သံသုမာလမ်းထောင့်ရှိ ကြက်ဘဲဈေးဒိုင်၏ ၁၇-၉-၂၀၂၄ ရက်နေ့၏ ဈေးကွက်ဈေးနှုန်းများအရ နေ့စဉ်ကြက်ကောင်ရေ ( ၇၀၀၀၀) ခန့်နှင့် ဘဲကောင်ရေ (၁၅၀၀) ခန့်တို့ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။
