ပြည်တွင်းကုန်သွယ်မှုသတင်းများ
မိတ္ထီလာခရိုင်တွင် ဆီထွက်သီးနှံများဖြစ်သော နှမ်း၊ မြေပဲ၊ နေကြာများကိုစိုက်ပျိုးကြပြီး ထွက်ရှိသော သီးနှံများကို ဒေသတွင်းကြိတ်ခွဲမှုအပြင် အခြားဒေသများသို့ တင်ပို့ ရောင်းချကြပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်အတွင်းရှိ အောင်ဟိတ်ကျေးရွာအုပ်စု ပုလဲကုန်ကျေးရွာနှင့် စလင်းဒေါင့်ကျေးများ တွင် ကြယ်တာရာဘုရားပန်းကို စီးပွားဖြစ်စိုက်ပျိုး လျက်ရှိ ကြောင်းသိရသည်။ ၂၀၂၄-၂၀၂၅ ခုနှစ်တွင် မအူပင်မြို့နယ်တွင် ပန်းစိုက် ဧက ၁၂၈ ကျော် စိုက်ပျိုးထား ရှိကြောင်း မြို့နယ်စာရင်းများအရ သိရသည်။

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့၌ ကွန်ကရစ်ပစ္စည်းများကို အဓိကပြုလုပ် ရောင်းချနေသော ကွန်ကရစ်ပစ္စည်းဈေးကွက်တွင် ကုန်ကြမ်းဈေးနှုန်းများ မြင့်တက်နေသည့်အတွက် ကုန်ချောရောင်းအားများ ကျဆင်းလျက်ရှိကြောင်း ကွန်ကရစ်ပစ္စည်းပြုလုပ်ရောင်းချသူ လုပ်ငန်းရှင် တစ်ဦး၏ ပြောပြချက်အရသိရှိရပါသည်။

ဂေါ်ဖီထုပ်များ ပြည်မြို့ရှိဈေးကွက်အတွင်းသို့ဝင်ရောက်ရာတွင် ရွှေတောင်မြို့နယ်မှ ဝင် ရောက်လာခြင်းများ ရှိသကဲ့သို့ ရှမ်းပြည်နယ်ဘက်မှ ဝင်ရောက်လာကြကြောင်း သိရှိရပါသည်။ ဂေါ်ဖီ ထုပ်ကို ရှမ်းပြည်နယ်ဘက်တွင်တစ်နှစ်ပတ်လုံး စိုက်ပျိုးပြီး မြေပြန့်ဒေသများ၌ဆောင်းရာသီတွင် စိုက်ပျိုးကြပါသည်။ ဂေါ်ဖီထုပ်အပင်များကို စတင်စိုက်ပျိုးပြီး ရက်ပေါင်း(၉၀)မ
