ပြည်တွင်းကုန်သွယ်မှုသတင်းများ
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့တွင် ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ ဒုတိယပတ်တွင်92 RON တစ်လီတာလျှင် ၂၅၅၅ကျပ်၊ 95 RON တစ်လီတာလျှင် ၂၆၇၀ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၂၃၉၅ကျပ်နှင့် ပရီမီယံဒီဇယ်တစ်လီတာလျှင် ၂၄၇၅ကျပ်ရှိပါသည်။
တောင်ငူမြို့တွင် ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလဆန်းပိုင်းတွင် ဘိလပ်မြေတစ်အိတ်ဈေးနှုန်းများမှာ ကြံ့နှစ်ကောင် (အနီ) ၈၅၀၀ကျပ်၊ ထိုင်းဆင် ၈၅၀၀ကျပ်၊ Alpha ၈၇၀၀ကျပ်၊ Apache ၈၃၀၀ကျပ်၊ Rhino ၈၂၀၀ကျပ်၊ Max ၈၅၀၀ကျပ်ရှိပါသည်။
တောင်ငူမြို့သို့ မန္တလေးတိုင်းဒေသကြီးမှ စိုက်ပျိုးရေးထွက်ကုန်များဝင်ရောက်လျက်ရှိရာ ယခုအခါ ကြက်သွန်နီအသစ်များ စတင်ဝင်ရောက်လာပြီဖြစ်ပါသည်။
၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ တတိယပတ်တွင် တောင်ငူဈေးကွက်၌ ကြက်သွန်နီအသစ်တစ်ပိဿာလျှင် အသေး ၂၅၀၀ကျပ်၊ အလတ် ၃၀၀၀ကျပ်နှင့် အကြီး ၃၆၀၀ကျပ်မှ ၃၈၀၀ကျပ်အထိရှိပါသည်။
မြန်မာလူမျိုးတို့သည် ဗုဒ္ဓဘာသာအများစုဖြစ်ကြသည့်အလျောက် မိမိအိမ်ရှိ ဘုရားကျောင်းတော်များတွင်လည်းကောင်း၊ ဘုရားကျောင်းကန်များတွင်လည်းကောင်း ဘုရားပန်းများကို ဝေဝေဆာဆာကပ်လှူကြပါသည်။ ထို့ကြောင့် ပန်းစိုက်ပျိုးသူများအနေဖြင့် ၎င်းတို့၏ ပန်းများမှာ ရောင်းအားကောင်းလျက်ရှိပါသည်။
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်တွင် ဒေသခံတောင်သူလယ်သမားများသည် စိုက်ပျိုးမြေများကောင်းမွန်မှုကြောင့် နွေစပါး၊ မိုးစပါး၊ ဆောင်းသီးနှံများဖြစ်သော မတ်ပဲ၊ ပဲတီစိမ်းစိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားဖြစ်လုပ်ကိုင်ကြပါသည်။