Main menu

လက်ဖက်အစားထို ကြက်တက်ရွက်ပြုတ်များ ဈေးတက်လျက်ရှိ

Powered by Drupal

  ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ကြက်တက်ရွက်ပြုတ် ရောင်းချလျက်ရှိရာ ကြက်တက် ရွက်ကို တောတောင်သဘာဝအပင်များမှ မိုးဦးကျစတွင်  စတင်ပေါက်ရောက်လေ့ရှိ၍  ရရှိသော အရွက်တစ်မျိုးလည်း ဖြစ်ပါသည်။  ရာသီစာ ကြက် တက်ရွက်ပြုတ်သည် လူကြိုက်များသော လက်ဖက်အစားထိုး သရေစာတစ်မျိုးဖြစ်ပါသည်။

   ၂၀၂၅ ခုနှစ်၊  အောက်တိုဘာလ နောက်ဆုံးပတ်တွင် ပိတောက်မြိုင်ဈေးတွင် ရောင်းချနေသော ကြက်တက်ရွက်ပြုတ် ဈေးနှုန်းများမှာ  ကြက်တက်ရွက်ပြုတ် တစ်ပိသာလျှင် (၈၀၀၀)ကျပ်၊ (၅၀)ကျပ် သားလျှင်(၄၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၂၀၀၀)ကျပ် နှင့် (၁၀) ကျပ်သားလျှင် (၈၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)