ပြည်တွင်းကုန်သွယ်မှုသတင်းများ
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့၌ ကွန်ကရစ်ပစ္စည်းများကို အဓိကပြုလုပ် ရောင်းချနေသော ကွန်ကရစ်ပစ္စည်းဈေးကွက်တွင် ကုန်ကြမ်းဈေးနှုန်းများ မြင့်တက်နေသည့်အတွက် ကုန်ချောရောင်းအားများ ကျဆင်းလျက်ရှိကြောင်း ကွန်ကရစ်ပစ္စည်းပြုလုပ်ရောင်းချသူ လုပ်ငန်းရှင် တစ်ဦး၏ ပြောပြချက်အရသိရှိရပါသည်။

ဂေါ်ဖီထုပ်များ ပြည်မြို့ရှိဈေးကွက်အတွင်းသို့ဝင်ရောက်ရာတွင် ရွှေတောင်မြို့နယ်မှ ဝင် ရောက်လာခြင်းများ ရှိသကဲ့သို့ ရှမ်းပြည်နယ်ဘက်မှ ဝင်ရောက်လာကြကြောင်း သိရှိရပါသည်။ ဂေါ်ဖီ ထုပ်ကို ရှမ်းပြည်နယ်ဘက်တွင်တစ်နှစ်ပတ်လုံး စိုက်ပျိုးပြီး မြေပြန့်ဒေသများ၌ဆောင်းရာသီတွင် စိုက်ပျိုးကြပါသည်။ ဂေါ်ဖီထုပ်အပင်များကို စတင်စိုက်ပျိုးပြီး ရက်ပေါင်း(၉၀)မ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ဆီထွက်သီးနှံ ဖြစ်သည့်မိုးမြေပဲကို အဓိကစိုက်ပျိုးလျက်ရှိပြီး ဆောင်းမြေပဲကို အနည်းငယ်သာစိုက်ပျိုး မှုရှိပါသည်။ ၂၀၂၃-၂၀၂၄ ခုနှစ်တွင် မိုးမြေပဲကို (၆၃၈၆၀)ဧကစိုက်ပျိုးခဲ့ပြီး တစ်ဧကပျမ်းမျှ အထွက်နှုန်း (၄၂.၁၉)တင်းနှုန်းဖြင့် တင်းပေါင်း(၂၆၉၄၅၅၁)တင်းထွက်ရှိခဲ့ပါသည်။

ကျောက်ဖရုံသီးသည် ကျန်းမာရေးအတွက်တန်ဖိုးရှိသော အသီးအနှံဖြစ်ပါသည်။ ကျောက်ဖရုံ သီးကိုဟင်းချက်၍ စားကြသလို ကျောက်ဖရုံသီးကို ယိုထိုး၍လည်း စားသုံးကြပါသည်။ ကျောက်ဖရုံပင်ကို စင်ထိုး၍ စီးပွားဖြစ်စိုက်ပျိုးနိုင်သည့်အပြင် နေရာဒေသမရွေး အလေ့ကျပေါက်သော အပင်တစ်မျိုးလည်းဖြစ်ပါသည်။ ပြည်ဈေးကွက်တွင် ကျောက်ဖရုံသီးများ အရောင်း အဝယ်ဖြစ်လ
