Main menu

မြိတ်မြို့တွင် မုန်လာဥနီစျေးနှုန်း အနည်းငယ်ကျလာ

Powered by Drupal

    တနင်္သာရီတိုင်း၊ မြိတ်ခရိုင်တွင် မုန်လာဥနီများကို ဟင်းချက်ရာတွင်လည်းကောင်း၊ မုန်များ တွင်လည်းကောင်း၊ ဖျော်ရည်အဖြစ်လည်းကောင်း တွင်ကျယ်စွာသုံးစွဲကြသည်။ ၎င်းမုန်လာဥနီများကို ရန်ကုန်မြို့ရှိ ကုန်စည်ဒိုင်များမှ ကားလမ်းဖြင့်မှာယူလျက်ရှိပြီး ဒေသတွင်းပြန်လည်ဖြန့်ဖြူးရောင်း ချလျက်ရှိသည်။ လမ်းပမ်းဆက်သွယ်‌ရေးကောင်း၍ ပစ္စည်းဝင်ရောက်မှု အခြေအနေများကြောင့် စျေးအနည်းငယ်ကျဆင်းလာကြောင်း သိရှိရပါသည်။

     မြိတ်မြို့တွင် အောင်တိုဘာလ၊ စတုထ္တပတ်တွင် စျေးနှုန်းစုံစမ်းချက်အရ မုန်လာဥနီတစ် လုံးလျှင် ၈၀၀ကျပ်ရှိပြီး ယခင်က ၁၃၀၀ကျပ်ခန့်ရှိကြောင်း ၅၀၀ကျပ်ခန့် ‌စျေးကျဆင်းသွားကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)