ပြည်တွင်းကုန်သွယ်မှုသတင်းများ
မိတ္ထီလာခရိုင်အတွင်းရှိ မိတ္ထီလာ၊ မလှိုင်၊ ဝမ်းတွင်း၊ သာစည် မြို့နယ်လေးမြို့နယ်တွင်းရှိ ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် အခြေခံစားသောက်ကုန်များအား မိတ္ထီလာမြို့နယ်အတွင်းရှိ ရပ်ကွက် (၁၄) ရပ်ကွက်တွင် အပတ်စဉ်သောကြာနေ့တိုင်း လှည့်လည်၍ သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ပါသည်။ အဆိုပါဈေးရောင်းပွဲတော်များတွင် အခြေခံစားသ
တောင်ငူခရိုင်၊ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းသည် စားသုံးသူပြည်သူများ စားအုန်းဆီများကို သက်သာသောနှုန်းထားဖြင့် ဝယ်ယူရရှိနိုင်ရေးအတွက် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများသို့အရောက် မော်တော်ယာဉ်များဖြင့် ပို့ဆောင်၍ရောင်းချပေးလျက်ရှိပါသည်။
ကရင်ပြည်နယ်၊ ဘားအံမြို့ရှိကျေးရွာများမှ ဒေသခံပြည်သူများသည် စားသုံးသီးနှံအဖြစ် အပိုဝင် ငွေရရှိရန်အတွက် ပိန္နဲပင်များကို မိမိတို့နေအိမ်ခြံဝန်းများတွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးထားလျက်ရှိသည်။ ယခုလိုရာသီအချိန်တွင် ပိန္နဲသီးစိမ်းများ စတင်ပေါ်နေပြီးဖြစ်ပါသည်။
တောင်ငူမြို့၊ ငါးခြောက်ဆိုင်များတွင်ရောင်းချနေသော အာဗြဲခြောက်များသည် လူကြိုက်များသော ငါးခြောက်တစ်မျိုးဖြစ်သည်။ အရသာမချိုပြီး ဆားလည်းပေါ့သဖြင့် စားကောင်းသည့် ငါးခြောက်တစ်မျိုးဖြစ်ပါသည်။
အာဗြဲခြောက်ဈေးနှုန်းမှာ တစ်ပိဿာလျှင် အသေး ၂၄၀၀၀ကျပ်၊ အလတ် ၂၈၀၀၀ကျပ်နှင့် အကြီး ၃၅၀၀၀ကျပ်ရှိပါသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်