Main menu

“ ခရီးသွားများစိတ်ဝင်စားလာသည့်မက္ကဒေးမီးယား”

Powered by Drupal

             မန္တလေးတိုင်းဒေသကြီး၊ပြင်ဦးလွင်ခရိုင်သည် အေးမြသောရာသီဥတုရှိပြီး တောင်ပေါ်မြို့လေး ဖြစ်သောကြောင့် ခရီးသွားများ၊အလည်အပတ်လာရောက်သူ ဧည့်သည်များဖြင့်အမြဲမပြတ် စည်ကား လျက်ရှိပါသည်။ခရီးသွားဧည့်သည်များလာသည်နှင့်အမျှဒေသထွက်ကုန်ရောင်းချသော ဆိုင်များတွင် ပြင်ဦးလွင်ဒေသထွက်ကုန်တစ်မျိုးဖြစ်သော မက္ကဒေးမီးယား (ခ)ချောကလက်သီးမှာလည်း အရောင်း အဝယ်ဖြစ်လျက်ရှိပါသည်။ မက္ကဒေးမီးယားအပင်သည် နှစ်ရှည်သီးနှံဖြစ်ပြီး ပြင်ဦးလွင်ရှိ မျှော့တော၊ သက်ကယ်ချောင်တွင် အများဆုံးစိုက်ပျိုးပြီး စိုက်ပျိုးသူများ အကျိုးအမြတ်ဖြစ်လျက်ရှိပါသည်။ မက္ကဒေးမီးယား (ခ)ချောကလက်သီးကို စားသုံးပါက ကင်ဆာရောဂါကာကွယ်နိုင်ခြင်း၊အရွယ်တင် နုပျိုစေခြင်း၊နှလုံးအားကောင်းစေခြင်း၊ သွေးကြောအတွင်းအဆီဓါတ်ကိုလျော့ကျစေခြင်း ၊ အစာခြေ စနစ်ကောင်းမွန်စေခြင်းစသော အကျိုးကျေးဇူးများစွာရရှိပါသည် ။ ကျန်းမာရေးအတွက်အထောက် အကူဖြစ်စေသောကြောင့် နေ့စဉ်ပုံမှန်(၆)ဆံမှ(၁၀)ဆံအထိ စားသောက်နိုင်ပြီး ပြင်ဦးလွင်ရှိဒေသ ထွက်ကုန်အရောင်းဆိုင်များတွင် နို့ဆီဗူး(၁)ဗူးလျှင်(၂၀၀၀/-)ကျပ်ဖြင်ရောင်းဝယ်လျက်ရှိပြီး ခရီးသွား များစိတ်ဝင်စားလျက်ရှိကြောင်း ဒေသထွက်ကုန်ရောင်းချသူများထံမှသိရှိရပါသည်။

DOCA (မန္တလေး)