ပြည်တွင်းကုန်သွယ်မှုသတင်းများ
တောင်ငူမြို့တွင် ဆန်ဟောင်းများဖြစ်သော ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ၁၇၅၀၀၀ကျပ်၊ ဖျာပုံပေါ်ဆန်းတစ်အိတ်လျှင် ၁၅၀၀၀၀ကျပ်ဖြင့်ဈေးတက်နေပြီး ဒေသပေါ်ဆန်းတစ်အိတ်လျှင် ၁၂၀၀၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။
တောင်ငူမြို့၊ ညောင်ပင်လေးဈေးသို့ ဒေသထွက်သီနှံများကို လာရောက်ရောင်းချလျက်ရှိရာ သခွားသီးများမှာလည်း ရောင်းအားကောင်းလျှက်ရှိပါသည်။ သခွားသီးကို ငါးပိရည်၊ ငါးပိချက် တို့စရာအဖြစ်လည်းကောင်း၊ သခွားသီးကိုခြစ်ပြီး ပဲမုန့်၊ ဆီချက်တို့ဖြင့် သုပ်စား၍သော်လည်းကောင်း စားသုံးကြသကဲ့သို့ တချို့မှာမူ သကြား၊ ထန်းလျက်တို့နှင့်စားရသည်ကို နှစ်သက်
တောင်ငူမြို့နယ်တွင် ယခုနှစ်မိုးရာသီကာလအတွင်း မိုးစပါး ၅၈၀၆၄ဧကစိုက်ပျိုးထားရှိရာ ယခုအခါတွင် စိုက်ဧကအားလုံးကို ရိတ်သိမ်းချွေလှေ့ပြီးစီးပြီးဖြစ်ပါသည်။ ယခုနှစ်တွင် မိုးကောင်းမွန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုလည်းနည်းပါးသဖြင့် ယခင်နှစ်ထက် စပါးအထွက်နှုန်းပိုလာခဲ့ပါသည်။
တောင်ငူမြို့၊ ညောင်ပင်ဈေးတွင် သခွားမသီးများကို စတင်ရောင်းချနေပြီဖြစ်ပါသည်။ တောင်ငူမြို့နယ်၊ ဇီးပင်သာကျေးရွာ၌ာ သခွားမသီးများပေါ်နေပြီဖြစ်ရာ ာ၎င်းကို ညောင်ပင်ဈေးရှိ သစ်သီးဆိုင်များက မှာယူရောင်းချကြပါသည်။
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်တွင် ယခင်နှစ်ကနွေစပါး ၁၇၈၁၉ဧကကို အောင်မြင်စွာစိုက်ပျိုးနိုင်ခဲ့ပြီး ယခုနှစ်တွင်လည်း ၎င်းဧကအတိုင်း စိုက်ပျိုးနိုင်ရေး လျာထား ဆောင်ရွက်လျက်ရှိပါသည်။ စိုက်ပျိုးရေကို ဆည်ကြီးများတွင် အလုံအလောက်ရှိသည်ဟုလည်းသိရပါသည်။