Main menu

ကျွန်းလှမြို့တွင် ‌ရောင်းချလျက်ရှိသော ဝက်သား နှင့် ဝက်အူချောင်းဈေးနှုန်း

Powered by Drupal

   ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် အသား/ငါးနှင့် အခြားစား‌သောက် ကုန်ပစ္စည်းများ၊ လူသုံးကုန် ပစ္စည်းများရောင်းချသည့်အနက်မှ အသား/ငါး ဈေးနှုန်းများထဲမှ ဝက်သားဈေးနှုန်းသည်လည်း မြင့်တက် လျက်ရှိပါသည်။

   ကျွန်းလှမြို့ ယခု အောက်တိုဘာလ တတိယအပတ်၏ ဝက်သားဈေးနှုန်းများ အနေဖြင့် ဝက်သားရှယ် (အသားသီးသန့်) လက်လီ တစ်ပိဿာလျှင်(၃၅၀၀၀)ကျပ်၊ ဝက်သား(ပေါင်သား) လက်လီ တစ်ပိဿာလျှင်(၃၃၀၀၀)ကျပ်၊ ဝက်သားရိုးရိုး(နံကိုင်းသား) လက်လီ တစ်ပိဿာလျှင်(၃၂၀၀၀)ကျပ်၊ ဝက်သား ဝမ်းတွင်းကလီစာ လက်လီ တစ်ပိဿာလျှင်(၂၅၀၀၀)ကျပ် နှင့် ဝက်သား(မေးဖျား၊ နားရွက်) တစ်ပိဿာလျှင်(၂၅၀၀၀)ကျပ်၊ ဝက်သွေးခဲ(၁)ပိဿာလျှင်(၆၀၀၀)ကျပ်၊ ဝက်ရိုးအကြမ်း တစ်ပိဿာ (၁၂၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း အလားတူပင် ဝက်အူချောင်း ဈေးနှုန်းအနေဖြင့် ဝက်အူချောင်း တစ်ပိဿာလျှင်(၄၅၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၂၂၅၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၁၁၃၀၀)ကျပ် နှင့် (၁၀)ကျပ်သားလျှင်(၄၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်  အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရပါသည်။

DOCA(စစ်ကိုင်း)