ပြည်တွင်းကုန်သွယ်မှုသတင်းများ
ကျိုက်လတ်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ(၂၁)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကျိုက်လတ်မြို့၊ မြို့မဈေးအတွင်းကုန်မျိုးစုံရောင်းချနေသည့်ဆိုင်များရှိ စားသုံးဆီဘူးများတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။
မိတ္ထီလာခရိုင်အတွင်း၌ ပဲမျိုးစုံစိုက်ပျိုးကြသည့်အနက် ပဲစဉ်းငုံမှာ ပြည်ပပို့ကုန်သီးနှံဖြစ်သည့်အတွက် အဓိကထားစိုက်ပျိုးကြပါသည်။ (၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ်တွင် ပဲစဉ်းငုံစိုက်ဧက(၉၆၇၄၀)ဧကရှိကြောင်း၊ ယခုနှစ် ဒီဇင်ဘာလ နောက်ဆုံးပတ်တွင် ပဲစဉ်းငုံသီးနှံစတင်ပေါ်လာပြီး ဈေးကွက်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ပဲစဉ်းငုံမှာ မိုးသီးနှံဖြစ်၍ ဇွ
မိတ္ထီလာခရိုင်အတွင်း၌ နွေရာသီ၊ မိုးရာသီနှစ်မျိုးလုံး၌ စိုက်ပျိုးသည့်စပါးမျိုးများမှာ မနောသုခနှင့် ဧရာပဒေသာစပါးမျိုးများတို့ဖြစ်ကြပါသည်။ မိတ္ထီလာခရိုင်တွင် (၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ်တွင် မိုးစပါးစိုက်ဧက (၁၁၄၂၅၇)ဧကရှိကြောင်း၊ မိုးစပါးကို ဩဂုတ်လနှင့် စက်တင်ဘာလတို့တွင်စိုက်ပျိုးကြပြီး ဒီဇင်ဘာလနှင့်ဇန်နဝါရီလတို့တွင် ရိတ်သိမ်းကြပါသည်
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့၊ မြို့မစည်ပင်သာယာဈေးအတွင်း ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ စတုတ္ထပတ်အတွင်းဖြစ်ပေါ်ခဲ့သော အခြေခံစားသောက်ကုန်များ၏ လက်လီဈေးနှုန်းများမှာ ဝန်ကြီးပဒေသာတစ်ပြည်လျှင် (၆၅၀၀)ကျပ်ခန့်၊ ဧရာပဒေသာတစ်ပြည်လျှင် (၄၅၀၀)ကျပ်ခန့်၊ ပေါ်ဆန်းတစ်ပြည်လျှင် (၆၅၀၀)ကျပ်မှ (၇၃၀၀)ကျပ်၊ သုခဆန်တစ်ပြည်လျှင် (၃၂၀၀)ကျပ်မှ (၄၀၀၀)ကျပ
မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်၊ အေးမြသီတာဈေးအတွင်း ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ စတုတ္ထပတ်အတွင်းဖြစ်ပေါ်ခဲ့သော အခြေခံစားသောက်ကုန်များ၏ လက်လီဈေးနှုန်းများမှာ ဧရာပေါ်ဆန်းမွှေးတစ်ပြည်လျှင် (၅၃၀၀)ကျပ်မှ (၅၆၀၀)ကျပ်၊ ဧည့်မထဆန်တစ်ပြည်လျှင် (၃၅၀၀)ကျပ်မှ (၃၇၀၀)ကျပ်၊ ကုလားပဲဆံတစ်ပြည်လျှင် (၇၀၀၀)ကျပ်မှ (၇၅၀၀)ကျပ်၊ ကြက်ဥတစ်လုံးလျှင် (၂၂၀)ကျပ